Nothing Phone (3a) နဲ့ (3a) Pro တို့ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီ
ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်လာတဲ့ ဒီဇိုင်းပါပဲ။ Spec: တွေလည်း ဖော်ပြထားပါသေးတယ်။
Phone (3a) မှာတော့ Snapdragon 7s Gen 3 Chipset, 50MP Main Camera, 8MP Ultrawide, 50MP Telephoto Camera နဲ့ 32MP Selfie ဖြစ်မယ်။ Screen Size 6.77” AMOLED Display နဲ့ 120Hz အထိရမယ်။ 5000mAh ကိုမှ 50W Fast Charge ရပါမယ်။
Nothing Phone (3a) Pro မှာက ကင်မရာ Spec: တွေတူပေမဲ့ Telephoto Camera က 3x optical zoom ဖြစ်သွားမယ်။ ပြီးတော့ Selfie က 50MP ရှိမယ်။ Chips ကိုတော့ မဖော်ပြထားဘူး။
Rumor တွေအရ ဈေးကတော့ ဒေါ်လာ 300 နဲ့ 350 ပတ်လည်မှာရှိပါမယ်။
