9 w - Translate

တန်းပါဆင်းရတော့မှာလားဆိုပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ကြောက်နေကြပါပြီ။ အဲဗာတန်ကို ၂-၀နဲ့ ရှုံးနေတဲ့အချိန်မှာ တကယ်ကြီး ငါတို့အသင်းက တန်းဆင်းတော့မှာလားဆိုတဲ့ မေးခွန်းတွေ လူမှုကွန်ယက်မှာ အများကြီးထွက်ပေါ်လာခဲ့တာပါ။ ၂-၂ ဖြစ်သွားလို့ တော်ပါသေးရဲ့လို့ ပြောခဲ့ရပေမယ့် ယူနိုက်တက်ခြေစွမ်းကတော့ မထင်မှတ်ထားရင် တန်းဆင်းသွားရနိုင်တဲ့အထိပါပဲ။

အဆိုးထဲက အကောင်းတခုကတော့ ရော်နယ်ဒိုနောက်ပိုင်း ဖရီးကစ်ကနေ ဂိုးမသွင်းနိုင်တာကို ညကပွဲမှာ အဆုံးသတ်နိုင်ခဲ့တာပါ။ ဖာနန်ဒက်စ်က ဖရီးကစ်ကနေ ဂိုးပြန်သွင်းခဲ့ပြီး ၂နှစ်အတွင်းလောက်မှာ ပထမဆုံးအကြိမ် ယူနိုက်တက်တို့ ဖရီးကစ်ကနေ ဂိုးရခဲ့တာပါပဲ။ ဒါလေးတခုတော့ ဖြေသာစရာ သူတို့မှာရှိသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်မကယ်တင်ရင်လည်း ရှုံးခဲ့မှာပါ။ နောက်ထပ်ချေပဂိုးအတွက်လည်း သူပဲ ဖရီးကစ်ကို ကန်တင်ပေးခဲ့တာပါ။ ဒီဘဲမရှိရင်လည်း ယူနိုက်တက်တို့ တန်းဆင်းသွားရနိုင်ချေရှိခဲ့ပါတယ်။

image