ကမ္ဘာ့အပါးဆုံးခေါက်ဖုန်း ထွက်လာပြီ
ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းလို့ မထွက်ခင်ကတည်းက ဟော့နေတဲ့ Oppo Find N5 Foldable အသစ်ကို မိတ်ဆက်လိုက်ပါပြီ။
ဖြန့်ထားရင် 4.21mm ဖြစ်ပြီး ခေါက်လိုက်ရင်တော့ 8.93mm အထူနဲ့ အလေးချိိန်က 229 g ပဲရှိတယ်။ (iPhone 16 Pro Max ထက် အထူရော အလေးချိန်ရော နဲနဲသာပိုပါမယ်) ကမ္ဘာ့အပါးဆုံးခေါက်ဖုန်းဆိုသလိုပဲ နောက်ထပ် ကမ္ဘာ့ပထမဆုံးရေစိုခံနိုင်တဲ့ ခေါက်ဖုန်းလို့လည်း ဆိုထားပါသေးတယ်။ ရေနွေးပူထဲတောင် စိမ်လို့ရပါမယ်တဲ့။
Pen Support ပေးပေမဲ့ Pen ကို သပ်သပ်ဝယ်ရပါမယ်။ Snapdragon 8 Elite Chips သုံးထားတယ်။ ဈေးနှုန်းကတော့ စင်ကာပူဒေါ်လာ 2499 (မြန်မာငွေ သိန်း ၇၀ ဝန်းကျင်လို့တော့ ထင်တာပါပဲ) ရှိပါမယ်။ လာမယ့် ဖေဖော်ဝါရီ ၂၈ မှာ စတင်ဝယ်နိုင်ပါမယ်။ Spec: တွေကိုတော့ Oppo official website မှာ သွားကြည့်နိုင်ပါတယ်။
