Xiaomi ဖုန်းတွေမှာ DeepSeek AI သုံးလို့ရမယ်...
HyperOS 2 Update ရတဲ့ Xiaomi/ Redmi ဖုန်းတိုင်းမှာ DeepSeek AI ကို သုံးနိုင်မှာပါ။
ပြီးခဲ့တဲ့လကမှ AI Feature တွေကို သုံးနိုင်မယ့် Super XiaoAI ကို HtyperOS 2 update နဲ့အတူ ထည့်ပေးခဲ့တာပါ။ weibo က သတင်းတွေအရဆိုရင်တော့ အဲ့ဒီ Super XiaoAI မှာ DeepSeek R1 ကိုပါ ထည့်သွင်းပေးသွားဖို့ Xiaomi ဘက်က စမ်းသပ်မှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။
Text ရော Voice ရော ၂ မျိုးလုံးကို support ပေးနိုင်အောင် ဖန်တီးထားတယ်လို့ဆိုတယ်။ "Open Deep Thinking" ဒါမှမဟုတ် “Open DeepSeek" ဆိုပြီး Super XiaoAI ကို အသံနဲ့ခေါ်လိုက်ပြီး DeepSeek R1 နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို သုံးလိုက်ရုံပါပဲ။ (Hey Siri လိုမျိုးထင်)
AI ChatBot တွေထုံးစံအတိုင်း အကြောင်းအရာတွေရှာမယ်၊ မေးခွန်းတွေမေးမယ်၊ Coding ပိုင်းနဲ့ သင်္ချာပိုင်းတွေ ရမယ်။ ကိုယ်ခိုင်းရင် ခိုင်းသလောက် အလုပ်လုပ်ပေးနိုင်တယ် တိကျသေချာစွာ ဆောင်ရွက်ပေးမယ်လို့ ဆိုထားပါတယ်။
DeepSeek AI ကို အရင်ဆုံး EV ကားတွေမှာ ထည့်သွင်းစမ်းသပ်လာပြီးနောက် အခုလည်းစမတ်ဖုန်းတွေထဲမှာပါ ထည့်ပေးလာပြီ။ အနောက်နိုင်ငံတွေဘက်က Deep Seek ကို ပိတ်သိမ်းပိတ်ပင်တာတွေ လုပ်နေပေမဲ့ တစ်ဖက်မှာလည်း တရုတ်နိုင်ငံတွင်းမှာတော့ တွင်တွင်ကျယ်ကျယ်ကို အသုံးချလာပါပြီ။
လောလောဆယ် List အရတော့ ဒီဖုန်းတွေမှာ စပြီးသုံးနိုင်မယ်လို့ ဖော်ပြထားတယ်။ Flagship series တွေ ဦးစားပေးပေါ့....
Xiaomi 15 Pro , Xiaomi 15, Xiaomi 14 Ultra
Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
Redmi K80 Pro , Redmi K80, Redmi K70 series
Xiaomi Mix Fold 4, MIX Flip
Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4
