KAINE Rosemary Relief Gel Cleanser🫧
Beauty Of Joseon ရဲ့အခွဲ brand လေး 'KAINE' သူ့ရဲ့ Hit အဖြစ်ဆုံး product ဆိုရင် ဒီ cleanser လို့ ပြောရမှာပဲ။ ပုံမှန်မြင်နေကျတွေနဲ့ ကွဲထွက်ပြီး Rosemary ကို main ingredient အနေနဲ့ အသုံးပြုထားတယ်။ 5% ပါဝင်ပြီး skin soothing & antioxidant အာနိသင်ရှိတယ်။ တခြားသိသင့်တာဆိုရင် acne care နဲ့ oil control ဖြစ်စေဖို့ Salicylic acid အနည်းအကျဉ်း ထည့်ထားတယ်။ SLS, Paraben, Alcohol, Fragrance free! ဒီတခုနဲ့ပတ်သက်ပြီး သဘောကျစရာအချက်တွေချည်းရှိတယ်လို့ Nyi မြင်တယ်။ ဗူးလေးကစလို့ သုံးရတဲ့ခံစားချက် အကုန်ပဲ။ သူ့ရဲ့ full pump တခါညှစ်စာက နည်းနည်းလေးထွက်လို့ သုံးရတာ လုံးဝအလေအလွင့်မရှိဘူး။ နဲနဲလေးနဲ့ အမြုပ်ထွက်အား အရမ်းကောင်းလို့ အကြာကြီးအသုံးခံလိမ့်မယ်။ သုံးပြီးရင် ကျန်ခဲ့တဲ့ finish အရ drying ဖြစ်တဲ့ဘက်ကို မကူးဖို့ ကွက်တိအနေအထားပဲ။ Rosemary အနံ့သင်းသင်းလေးနဲ့ relax ဖြစ်စေတယ်။ Deep cleansing သေချာဖြစ်လို့ ချွေးပေါက်ကျယ်တာ အနည်းငယ်သက်သာတယ်။ ဆားဝက်ခြံတွေ control ရတာတော့ မမျှော်လင့်ဘဲ ဒီ cleanser ကို Nyi အထင်ကြီးမိတဲ့ အချက်ပဲ။ Skin type အားဖြင့် Oily, Combination skin ၊ Skin concern အားဖြင့် ဆားဝက်ခြံသက်သာချင်သူ, ဝက်ခြံအဆီဖုများနေတဲ့သူတွေ သုံးကြည့်သင့်တယ်။
Rating - 4/5
#crd
#skincarereview
#reviewbynyi
