9 w - Translate

#ဖားတကောင်ကို ရေခွက်တခုထဲထည့်လိုက်ပြီးရေခွက်ကိုမီးစပြီးအပူပေးလိုက်တယ်၊
ရေအပူချိန် ခပ်နွေးနွေးလေးဖြစ်လာတော့
ဖားကသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ရေအပူချိန်နဲ့ကိုက်ညီအောင်ညှိယူလိုက်တယ်၊
ရေကပိုပြီးပူလာလေလေ ဖားကသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုပိုပြီး လိုက်လျောညီထွေဖြစ်အောင်ထပ်ပြီး ညှိယူလေလေနဲ့နေလိုက်တယ်၊
ရေကပိုပြီးပူလာပြီး ဆူပွက်လာတဲ့အချိန်မှာတော့ဖားကသူ့ခန္ဓာကိုယ်အပူချိန်ကိုလိုက်လျောညီထွေဖြစ်အောင်ထပ်ပြီးညှိယူလို့မရတော့ဘူး၊
အဲဒီ့အချိန်မှာဖားဟာရေခွက်ထဲကနေခုန်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်၊ဒါပေမဲ့သူခုန်ထွက်လို့မရတော့ဘူး၊ဘာဖြစ်လို့လဲဆိုတော့ဖားမှာရှိတဲ့စွမ်းအင်တွေဟာရေရဲ့အပူချိန်အတိုင်းလိုက်ပြီးညှိယူရင်းနဲ့ကုန်ခမ်းသွားလို့ဘဲဖြစ်တယ်၊သိပ်မကြာခင်မှာဘဲဖားဟာသေဆုံးသွားခဲ့တယ်၊
ဖားကိုဘယ်အရာကသေစေခဲ့တာလဲ?
အများစုကတော့ဆူပွက်နေတဲ့ရေကြောင့်ဖားသေခဲ့ရတာလို့ပြောကြတယ်၊တကယ်တော့ဖားကိုသေစေခဲ့တာကသူဟာဘယ်အချိန်မှာခုန်ထွက်ရမယ်ဆိုတာကိုဆုံးဖြတ်နိုင်စွမ်းမရှိလို့ပါဘဲ၊
ကျွန်တော်တို့လည်းကိုယ့်ပတ်၀န်းကျင်၊အခြေအနေတွေ၊ကိုယ်ဆက်ဆံနေရတဲ့သူတွေနဲ့ပတ်သက်ပြီးညှိယူကြရတာတွေ၊ညှိယူနေခဲ့တာတွေရှိခဲ့တယ်၊
ဘယ်လောက်အထိညှိယူရမလဲ၊ဘယ်အချိန်မှာခုန်ထွက်ရမလဲဆိုတာကိုတော့ဆုံးဖြတ်နိုင်စွမ်းရှိဘို့လိုတယ်၊
ကိုယ့်ကိုရုပ်ပိုင်းဆိုင်ရာအရ၊စိတ်ပိုင်းဆိုင်ရာအရ၊ငွေကြေးဆိုင်ရာအရဖြစ်စေ၊ဆွေမျိုးအပူတွေ၊သားသမီးအပူတွေကနေဖြစ်စေရေအပူချိန်တက်အောင်လုပ်နေကြတဲ့သူတွေရှိကြတယ်၊
အရေးအကြီးဆုံးကတော့ဘယ်အချိန်မှာခုန်ထွက်ရမယ်ဆိုတာကိုဆုံးဖြတ်နိုင်ဘို့ပါဘဲ၊ခုန်ထွက်နိုင်တုန်းမှာခုန်ထွက်ကြဘို့လိုပါတယ်။
credit.

image