24 w - Translate

လူထူးလူချွန် ဆိုတာ
****************
ဖတ်ကြည့်နော်…

#မအားတဲ့ ကြားထဲကနေ
ကုသိုလ် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ
လူထူးလူချွန်ပဲ။

လောက လူတွေဟာ
အလုပ်ကိစ္စတွေနဲ့ မအားဘူး ဆိုပြီး
ဒါနကောင်းမှု လုပ်ဖို့
မေ့နေကြတယ်။

#မအားတဲ့ ကြားထဲက
ဒါနကောင်းမှု ဆိုတာ…

ကိုယ့်အိမ်မှာ
နေ့စဉ်ချက်တဲ့ ထမင်းဟင်းထဲက
ဆွမ်းလေးတစ်ဇွန်း
သံဃာတွေကို လောင်းလှူလည်း
ဒါနကောင်းမှု ဖြစ်ပါတယ်။

ဆွမ်းကြီးကျွေးမှ မဟုတ်ပါဘူး။

မြတ်စွာဘုရားကို ဆွမ်းတော်တင်ရင်လည်း
ဒါနကောင်းမှု ဖြစ်ပါတယ်။

နောက်ဆုံးမှာ…
သီးသန့် မတင်ဖြစ်ရင်တောင်မှဘဲ
ကိုယ်စားမယ့် ထမင်းပွဲကို

ကိုယ်မစားခင်လေးမှာ
❝ဘုရားရှင်အား ကပ်လှူပါ၏❞ ဆိုပြီး
ခေတ္တခဏ ဆိုင်းပြီးတော့
ဘုရားကို ပူဇော်ထားတယ်,

ပြီးပြီဆိုမှ
ပြန်စွန့်ပြီး ကိုယ် စားပေါ့…

အဲဒီလို မအားတဲ့ ကြားထဲကနေပြီးတော့
ကောင်းမှုကုသိုလ် လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ
လူထူးလူချွန်ပဲ နော်…

ပါချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

#မေတ္တာဖြင့်ပြန်လည်မျှဝေဓမ္မဒါနကုသိုလ်ပြုပါသည်။

image