24 w - Translate

မီးလာတော့ထမင်းပေါင်းအိုးခလုတ်ဖွင့်
တမိနစ်လောက်နေတော့မီးပျက်သွားတော့
ပေါင်းအိုးထဲကထုတ် Gas မီးဖိုပေါ်ပြန်တင်
တမိနစ်လောက်ကြာတော့မီးပြန်လာလို့
ပေါင်းအိုးပေါ်ပြန်တင်
မီးပြန်ပျက် အိုးပြန်ပြောင်းနဲ့
အမေကပြောတယ်
ထမင်းအိုးတည်ရတာ မစန်းဝင်းလင်ယူသလိုပဲတဲ့

မစန်းဝင်းက ဘယ်လိုလင်ယူတာလည်းလို့မေးတော့

သူတို့ငယ်ငယ်က မစန်းဝင်းဆိုတာရှိတယ်တဲ့
လင်ယူပြီးတစ်လအကြာရန်ဖြစ်ပြီးကွဲတယ်
ကွဲပြီး တစ်လအကြာနောက်လင်ထပ်ယူတယ်
နောက်လင်ကနှိပ်စက်လို့ဆိုပြီး အရင်လင်နဲ့ပြန်ပေါင်းတယ်
အရင်လင်နဲ့စကားများလို့ဆိုပြီး နောက်လင်ကိုသွားတိုင်တယ်
ဟိုလင်ဒီလင်အကူးအပြောင်းမှာပဲ
ကလေးက ၄ယောက်တဲ့
ဖင်ကို အားမနေရဘူးတဲ့
( ထမင်းပေါင်းအိုးပြောပါတယ် ) 🙄

image