24 w - Translate

အီတလီနဲ့ ဂျာမနီ ထိပ်ဆုံးမှာရပ်တည်ဖို့ သေချာသွားတဲ့ယခုရာသီ ဥရောပအဆင့်သတ်မှတ်ချက်

လက်ရှိကျင်းပနေသော ဥရောပပြိုင်ပွဲ(၃)ရပ်(ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်းဖရန့်လိဂ်)၏ ကွာတားဖိုင်နယ်အဆင့်ပွဲများအပြီးတွင် ယခုရာသီ ဥရောပအဆင့်သတ်မှတ်ချက်(2023-24 UEFA Coefficients)၌အီတလီနှင့်ဂျာမနီတို့က ပထမ၊ ဒုတိယနေရာများကို ဦးဆောင်နေပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် အပိုတစ်နေရာစီကို ရရှိရန် သေချာသလောက်ရှိသွားပြီဖြစ်သည်။၎င်းတို့ကို အနီးကပ်ဆုံးခြိမ်းခြောက်နေသော တတိယနေရာမှ အင်္ဂလန်မှာ ယခုတစ်ပတ်တွင် ပရီးမီးယားလိဂ်ကလပ်အသင်း(၄)သင်း(မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်း) ဥရောပပြိုင်ပွဲများမှ ထွက်ခဲ့ရပြီးနောက် ထိပ်ဆုံး(၂)နေရာအတွင်းဝင်ရန် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ လာမည့် (၂၀၂၄-၂၅)ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်းအရေအတွက်တိုးပြီး ပုံစံပြောင်းကျင်းပမည်ဖြစ်ရာ တိုက်ရိုက်ဝင်ခွင့်အပို(၂)နေရာထွက်လာပြီး ယင်းအပို(၂)နေရာအား ယခုရာသီဥရောပအဆင့်သတ်မှတ်ချက်(2023-24 UEFA Coefficients)ထိပ်ဆုံး ရပ်တည်မည့်(၂)နိုင်ငံမှ အဆင့်(၅)အသင်းများကို ပေးသွားမည်ဖြစ်သည်။ယခုရာသီဥရောပအဆင့်သတ်မှတ်ချက် ရမှတ်များအရ အီတလီနိုင်ငံမှာ ရာသီကုန်ချိန်တွင် ထိပ်ဆုံး(၂)နေရာအတွင်းရပ်တည်ရန် (သင်္ချာ
နည်းအရ)သေချာနေသည်။ဂျာမနီနိုင်ငံအနေဖြင့်လည်း လက်ကျန်ပွဲများတွင် ဘိုင်ယန်မြူးနစ်၊ဘိုရပ်ရှားဒေါ့မန်၊လေဗာကူဆင်တို့က နိုင်ပွဲ(၂)ပွဲရှာပေးနိုင်ရုံဖြင့် ထိပ်ဆုံး(၂)နေရာအတွင်းရပ်တည်နိုင်မည်ဖြစ်သည်။အီတလီနှင့်ဂျာမနီတို့မှာ လက်ရှိတွင် ဥရောပပြိုင်ပွဲ(၃)ရပ်၌ (၃)သင်းစီ (အတ္တလန်တာ၊ ရိုးမား၊ ဖီအိုရမ်းတီးနား/ ဘိုင်ယန်၊ ဘိုရပ်ရှားဒေါ့မန်၊ လေဗာကူဆင်) ကျန်နေသေး၍ ဗီလာတစ်သင်းတည်းသာ ကျန်တော့သော အင်္ဂလန်ထက် ရမှတ်ပိုရရန် အခြေအနေကောင်းနေသည်။

image