အာဒိုဂန် ကို အလဲထိုးနဲ့ ရှုံးခဲ့တဲ့ အောင်လအန်ဆန်း
ဖေဖော်ဝါရီ ၂၁
ကာတာမှာ ကျင်းပတဲ့ One Championship MMA သိုင်းပေါင်းစုံလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့ဖိုက်တာ အောင်လအန်ဆန်းက ပထမအချီ ပွဲချိန် ၂၈ စက္ကန့်အတွင်း တူရကီက ရှာမီးလ်အာဒိုဂန် ကို အလဲထိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အောင်လဟာ အာဒိုဂန်ရဲ့ ခြေကန်ချက်ကို မရှောင်နိုင်ဘဲ လဲကျသွားခဲ့တာပါ။ ပွဲစစချင်းမှာ အောင်လက လက်သီးထိုးကွက်တွေ အမြန်သုံးခဲ့ပေမဲ့ သူ့ရဲ့ထိုးချက်တွေကို အာဒိုဂန်က ရှောင်နိုင်ခဲ့ပါတယ်။
အောင်လဟာ ပထမကြိမ် မှာလည်း အာဒိုဂန်ကို ရှုံးခဲ့သလို အခု ဒုတိယမြောက် မကျေပွဲမှာလည်း အလဲထိုးနဲ့ထပ်ရှုံးခဲ့တာဖြစ်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး


