"ကြွေ့တစ်သက်မှာ ကြွေ တတ်စွမ်းနိုင်သမျှ
အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီးပါပြီ။
ဒီထက် ဘာများ ပိုပြီး ကြွေ လုပ်နိုင်ဦးမှာလဲလို့တော့
ဆက်လက် အသက်ရှင်နေကြည့်ချင်ပါသေးတယ်။
ဖြစ်ချင်ပါလျက် မဖြစ်နိုင်သေးတာတွေ၊
ကြိုးစားပါလျက် မအောင်မြင်သေးတာတွေ၊
ဖြစ်မြောက် အောင်မြင်လာတဲ့အထိ
စောင့်ကြည့်ချင်ပါသေးတယ်။
ဒါပေမဲ့ အချိန်မရတော့ဘူး ဆိုတော့လည်း
ဝမ်းနည်းရုံပေါ့ ကိုဉာဏ်လင်းရယ်“
-----
နွေနေအောက်မှာ... ကြွေ
မိုးငြိမ်းဧ
