9 w - Translate

ဘယ်နေရာကို ရောက်နေသလဲ
ဘယ်လိုအနေထားမှာ ရှိနေသလဲ ဆိုတာထက်
ကိုယ် ရောက်တဲ့နေရာမှာ
ကိုယ့်ရှိတဲ့ တန်ဖိုးလေးနဲ့ ဘယ်လိုလှပအောင်
ပွင့်ပြမလဲဆိုတာက အရေးကြီးဆုံးပဲ ။

အစွမ်းကုန် ကြိုးစားနိုင်မှ ရောက်တဲ့နေရာလေးမှာ
အမြစ်သေချာတွယ် အခြေခိုင်ပြီး
ကြာကြာနဲ့ လှလှလေး ပွင့်လန်းခွင့်ရတာ ။

သဘာဝတရားက ပြပေးနေတဲ့ သင်ခန်းစာတွေက
အများကြီးပါပဲ ။
ယူတတ်ရင်တော့ မှတ်သားစရာပေါ့ ။

မယူချင်တော့လည်း ကျော်သွားရမှာပဲလေ ။
အကုန်လုံးက ကိုယ့်လက်, ကိုယ့်ခြေ
ကိုယ့်အတွေး,ကနေပဲ အဖြေထုတ်ရသွားတာပဲ ။
အကုန်လုံးက တန်ဖိုးကိုယ်စီနဲ့ပါပဲ ။

ကိုယ်ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာကိုတော့
ကိုယ်တိုင်ပဲ သတ်မှတ်ချက်ပေး
စာကပ်ချလိုက်ရတာ

သူများရဲ့ ပွင့်လန်းဝေဆာမှုတွေကို
ဝေဖန်ပြစ်တင်ရင်း
ကိုယ်ပါ အရောင်အဝါကျလာတာမျိုး မလုပ်မိတာက
အကောင်းဆုံးပါ ။

#မာရင်ရင်

image