အစ္စရေးမှာ ဘတ်စ်ကားသုံးစီးဗုံးကွဲပြီးနောက် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားပြီး ဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေနေ
တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၁
အစ္စရေးနိုင်ငံ မြို့တော်တဲလ်အဗစ်ရှိ ဘက်ယမ်အရပ်မှာ ဘတ်စ်ကားသုံးစီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ‘ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီး မီရီရက်ဂေ့ဗ်က နိုင်ငံတွင်းရှိ ဘတ်စ်ကားနဲ့ ရထားပို့ဆောင်မှုအားလုံးကို ခေတ္တရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပြီးနောက် ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ အစ္စရေးမီဒီယာတွေက ဆိုပါတယ်။
လက်ရှိပေါက်ကွဲမှုကြောင့် အသေအပျောက်မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တဲလ်အဗစ်မှာတော့ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သံသယဖြစ်ဖွယ် အိတ်နဲ့ အရာ၀တ္ထုကို မကိုင်တွယ်ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
ဒါဟာ အနောက်ဘက်ကမ်းမှာ မကြာသေးမီက အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို လက်တုံ့ပြန်တာဆိုပြီး ရေးထားတဲ့ စာတစောင်ကိုလည်း ၅ ကီလိုဂရမ်ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတခုမှာ တွေ့ရှိခဲ့တယ်လို့ အစ္စရေး မီဒီယာတွေက ပြောပါတယ်။
ဒီအတောအတွင်း အနောက်ဘက်ကမ်းရှိ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွေ အရှိန်မြှင့်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက အမိန့်ပေးထားပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင်း အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဟာလည်း မော်ရိုကိုခရီးစဉ်ကနေ ပြန်လာမှာဖြစ်တယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Israel Police
#သတင်းဟင်းလေးအိုးကြီး
