9 ပတ် - ဘာသာပြန်ပါ။

2023 TOYOTA Tacoma
Off-road မှာကြမ်းချင်တဲ့သူတွေအတွက် capabilities, durabilities, driving assistance technologies စတာတွေမှာ သာလွန်ကောင်းမွန်တဲ့ Toyota ရဲ့ Miz-size pickup တစ်စီးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Tacoma ဖြစ်ပြီး ဒီကောင့်ရဲ့ရုပ်ထွက်ကတော့ 4Runner နဲ့ Tundra pickup နှစ်စီးကိုပေါင်းထားတဲ့ပုံစံပါပဲ။ 1990 အစောပိုင်းလောက်မှာ North American လူမျိုးတွေဟာ အခြားနိုင်ငံသားတွေထက် pickup trucks တွေအပေါ်ပို၍စွဲလမ်းကြတာကိုသိရှိသွားတဲ့ Toyota ဟာ North American စျေးကွက်တွင် ၄င်းတို့ရဲ့မူလထုတ်လုပ်ပြီးဖြစ်တဲ့ Hilux truck နေရာမှာ Tacoma ကိုအစားထိုးထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
First generation ကတော့ 1995 - 2004 အတွင်းဖြစ်ပြီး ထိုအချိန်တုန်းကတော့ compact truck တစ်စီးအဖြစ်သာထုတ်လုပ်ခဲ့ပါတယ်။ 2.4L i4, 2.7L i4, 3.4L V6 အင်ဂျင် သုံးမျိုးဖြင့်တန်ဆာဆင်ခဲ့ပြီး အမြင့်ဆုံးအနေနဲ့ 190 Hp သာထွက်ရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 2004 - 2015 အတွင်းထုတ်လုပ်ခဲ့တဲ့ Second generation မှာတော့ Taco ကြီးဟာ Mid-size pickup truck တစ်စီးအဖြစ်သို့ရောက်ရှိလာခဲ့ပါပြီ။ On-road ကိုအဓိကအလေးပေးထားတဲ့ TRD Sport နှင့် Off-road အတွက် အကြမ်းဆုံးဖြစ်အောင်ထုတ်လုပ်ပေးထားတဲ့ TRD Off-road Trims အသစ်တွေလည်းပါဝင်လာပြီပဲ ဖြစ်ပါတယ်။ 2.7L i4, 4.0L V6 အင်ဂျင်များတပ်ဆင်ပေးခဲ့ပြီး အမြင့်ဆုံး 236 Hp အထိထွက်ရှိနိုင်ခဲ့ပါတယ်။ ထူးခြားချက်တစ်ခုကတော့ Suspension, Hood Scoop, Sport wheels and tires စတာတွေကိုအလေးပေးအသုံးပြုတပ်ဆင်ပေးထားတဲ့ X-Runner Trim အသစ်ကိုလည်း limited အနေဖြင့် Second generation အတွင်းမှာရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ 2015 ကနေ ယနေ့အချိန်အထိထုတ်လုပ်နေတဲ့ Third generation အကြောင်းပါ။
2023 Tacoma ရဲ့အပြင်ပုံစံကတော့ ယခင် 2022 model နဲ့ထူးထူးခြားခြားပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ 2023 ဟာ Tacoma ရဲ့ တတိယမျိုးဆက် နောက်ဆုံးနှစ်ဖြစ်နိုင်ပြီး 2024 မှာတော့ ရုပ်ထွက်အသစ်၊ မျိုးဆက်အသစ်ဖြင့်ထွက်ရှိလာမယ်လို့သိရပါတယ်။ နောက်တစ်ခုကတော့ စတုတ္ထမျိုးဆက်ဟာ Tundra ရဲ့ရုပ်ထွက်နဲ့ဆင်တူရှိမယ်လို့လည်းသိရပါတယ်။ ကဲပါ 2023 အကြောင်းပဲဆက်ပြောကြတာပေါ့။ ကားရဲ့ရုပ်ထွက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ ရှေ့ကနေကြည့်လိုက်ရင်တော့ 4Runner ပါပဲ။ Grills, Headlights, Foglights နှင့် TRD Skid plate တွေကအစ 4Runner နဲ့ တစ်ထေရာတည်းပါပဲ။ SX package နှင့် Chrome package Trim level အသစ်နှစ်ခုပါဝင်လာပြီး SX package ကိုတော့ 16'' wheels တွေကိုအသုံးပြုထားကာ fenders တွေသာမက ကားရဲ့ body မှာရှိတဲ့စာသားတော်တော်များများကိုပါ အမည်းရောင်များသုံးကာ အလှဆင်ထားပါတယ်။ Chrome package မှာတော့ 18'' wheels တွေဖြစ်သွားပြီး door handles, exhaust tips, tailgate logo စတာတွေကို chrome ဖြင့်အသုံးပြုတပ်ဆင်ပေးထားပါတယ်။ Taco ကြီးဟာ American ရဲ့ Mid-size pickup တွေထဲမှာရောင်းအားအကောင်းဆုံးဖြစ်ပြီး 2022 ခုနှစ်တွင် 252,000 units အထိကိုရောင်းချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Tacoma ကို Access cab နဲ့ Double cab နှစ်မျိုးစလုံးဝယ်ယူရရှိနိုင်မှာပါ။
Powertrain အနေနဲ့ကတော့ 2.7L i4 engine နှင့် 3.5L V6 engine နှစ်မျိုးကိုအသုံးပြုတပ်ဆင်ပေးထားပြီး 159 Hp နှင့် 278 Hp အသီးသီးထွက်ရှိနိုင်မှာပါ။ Transmission အနေနဲ့ကတော့ 5-speed manual, 6-speed manual, 6-speed auto သုံးမျိုးကိုအသုံးပြုပေးထားမှာဖြစ်ပြီး standard version မှာအသုံးပြုပေးထားတဲ့ 2.7L i4 engine ဟာ ၄င်းရဲ့ segment ထဲမှာ powerful မဖြစ်ဆုံးပါပဲ။ 0-60 ကိုတော့ 7.7 စက္ကန့်အတွင်းသာရောက်ရှိနိုင်မှာဖြစ်ပြီး towing capacity 6800 pounds နှင့် payload capacity 1200 pounds လောက်အထိ စွမ်းဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ TRD Tuned FOX shocks တွေကိုအသုံးပြုပေးထားတဲ့အတွက် ground clearance မြင့်မားမှု, ride quality ကောင်းမွန်မှု, on-road handling အဆင်ပြေမှုတွေအပြင် လမ်းကြမ်းတွေမှာ smooth ဖြစ်စေမှာတော့ အသေအချာပါပဲ။ V6 engine မှာတော့ 18 mpg city / 22 mpg highway ဖြစ်တဲ့အတွက် Taco ကြီးဟာ ဆီတော့သုတ်ပါလိမ့်မယ်။
Interior မှာတော့ standard အနေနဲ့ 7.0'' screen နှင့် TRD models တွေမှာတော့ 8.0'' screen ကိုအသုံးပြုပေးထားမှာပါ။ Apple CarPlay နှင့် Android Auto နှစ်မျိုးစလုံးရနိုင်မှာဖြစ်ပြီး Tacoma ရဲ့အတွင်းခန်းကိုတော့ ယခင် မာကျောတဲ့ plastic သားတွေအစား နူးညံ့တဲ့ soft touch materials တွေကိုပြောင်းလဲအသုံးပြုပေးထားပါတယ်။ ဒီနေရာမှာ 4Runner နဲ့တူတဲ့နောက်တစ်ချက်ကတော့ four spoke steering wheel ဒီဇိုင်းပဲ ဖြစ်ပါတယ်။ 6-speakers JBL Sound System ကိုအသုံးပြုပေးထားတာကလည်း Taco ကြီးရဲ့ အားရစရာအချက်တစ်ချက်ဖြစ်ပြီး smart key ကိုတော့ V6 engine တပ်ဆင်ပေးထားတဲ့ models တွေမှာသာအသုံးပြုပေးထားမှာပါ။ Multi-terrain select (MTS) ပါဝင်လာရုံသာမက safety ပိုင်းမှာဆိုရင်လည်း standard အနေနဲ့ forward collision warning, automatic emergency braking, lane departure warning အပြင် air bags 8 လုံးအထိပါဝင်လာမှာပဲ ဖြစ်ပါတယ်။
Tacoma ရဲ့ exterior colors တွေကတော့ Solar Octane, Electric Lime, Lunar Rock, Barcelona Red Metallic, Ice Cap, Black, Wind Chill Pearl, Blue Crush Metallic, Celestial Silver Metallic, Magnetic Gray Metallic တို့ပဲ ဖြစ်ပါတယ်။ Tacoma ရဲ့ competitors တွေကတော့ Ford Ranger, Nissan Frontier, Chevrolet Colorado, GMC Canyon, Honda Ridgeline နှင့် Jeep Gladiator တို့ပဲ ဖြစ်ပါတယ်။
2023 Toyota Tacoma ရဲ့ MSRP ကတော့ Trims ပေါ်မူတည်ကာ $27,250 - $46,685 ကြားကျသင့်မှာပဲ ဖြစ်ပါတယ်။

image