9 w - Translate

ရိုးသားစွာလူရည်လည်မယ်...
ကောက်ကျစ်တဲ့ သူတွေပဲ လူမုန်းများမယ် ထင်ခဲ့တာ တကယ်တော့ ရိုးသားလွန်းတဲ့ သူတွေကိုလည်း တော်တော်များများက မလိုလားကြပြန်ဘူး။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ လူတွေ မကြိုက်ကြဘူးလို့ ထင်ခဲ့တာ တကယ်တော့ တကယ်ကြိုးစားတဲ့ သူတွေကိုလည်း ကြည့်မရကြပြန်ဘူး။
လောကမှာ တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ တကယ်တော့ ထက်မြက်တဲ့ သူတွေကိုလည်း အမြင်ကပ်ကြပြန်ရော။
လောကမှာ
အရည်အချင်းမရှိတဲ့ သူတွေကိုသာ နေရာ မပေးချင်ဘူးထင်ခဲ့တာ။ တကယ်တော့ အရည်အချင်းရှိတဲ့ သူကျတော့လည်း မနာလိုဖြစ်နေပြန်ရော။
တကယ့် လက်တွေ့လောကမှာ လူတစ်ယောက် ကောင်းမကောင်း သတ်မှတ်တဲ့ စံနှုန်းဟာ သူတို့အလိုကို ဘယ်လောက်အထိ လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ တိုင်းတာလာကြတော့တာပဲ။
အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ။
ရိုးသားပါမတုံးအပါနှင့်...
#crd

image