9 w - Translate

Grok 3 ထုတ်ပြီး Subscriber ကြေး နှစ်ဆနီးပါး တိုးကောက်လိုက်တဲ့ X

အီလွန်မတ်စ်ကတော့ X ရဲ့ လစဉ်ကြေးကို နှစ်လအတွင်း ၂ ဆတိုး တင်လိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ ၁၆ ဒေါ်လာတန် Premium+ plan ကို ၄၀% တိုးပြီး ၂၂ ဒေါ်လာတိုးကောက်ခဲ့တာပါ။ အခုတစ်ခေါက် ကမ္ဘာ့အကြမ်းဆုံးဆိုတဲ့ Grok 3 AI ထုတ်ပြီးနောက်မှာတော့ ၂၂ ဒေါ်လာကို နှစ်ဆနီးပါးတိုးပြီး ဒေါ်လာ ၄၀ ကောက်လာတာပါ။

ဒါတောင် Premium+ မှာ Grok 3 ရဲ့ deep search နဲ့ reasoning လို feature တချို့ပဲ ရမှာပါ။ features အကုန် full access သုံးချင်ရင် SuperGrok plan သုံးရမှာပါ။ SuperGrok နဲ့ဆို တစ်လဒေါ်လာ ၅၀ နဲ့ တစ်နှစ်စာ နှစ်စဉ်ကြေး ဒေါ်လာ ၃၅၀ ရှိမယ်လို့ ဆိုပါတယ်။

premium ဝင်ထားသူတွေပဲ Grok မော်ဒယ်အကုန် သုံးလို့ရမှာ ဖြစ်လို့ ပိုက်ဆံတိုးတောင်းလို့ကောင်းအောင် AI model သစ် ချပြလိုက်တာလို့တောင် ပြောရမလိုပါပဲ။ X subscription ‌ဈေးနှုန်းတွေက အမေရိကန်ပြင်ပက တခြားဈေးကွက်တွေမှာလည်း တက်သွားပါတယ်။

Twitter ကို အီလွန်မတ်စ် ဝယ်ပြီးနောက်ပိုင်း ၂၀၂၃ နှစ်ကုန်ပိုင်းမှာ Premium+ plan ကို စခဲ့တာပါ။ Premium+ တွေက ကြော်ငြာလုံးဝ မပါတဲ့ subscription အစီအစဉ် ဖြစ်ပြီး စာနဲ့ ဗွီဒီယိုအရှည်တွေ တင်နိုင်သလို ၊ ပို့စ်တွေ ပြန် edit ခွင့်ပြုတာ ၊ Grok AI features တွေ သုံးနိုင်တာတွေ လုပ်နိုင်ပါတယ်။

နောက်ဆုံးထွက်ထားတဲ့ Grok 3 ကတော့ အဆင့်မြင့်ဆုံး AI chatbot ဖြစ်ပြီး Grok 2 ထက် ၁၀ ဆပို စွမ်းဆောင်ရည်မြင့်တယ်လို့ ဆိုပါတယ်။ Nvidia H100 GPUs ၂ သိန်းကျော်နဲ့ train ထားတဲ့ ဒီ chatbot က beta ဗားရှင်းမှာတောင် AI Benchmarking မှာ ပြိုင်ဘက်တွေကို ဖြတ်ကျော်ပြီး score အမြင့်ဆုံးရထားပါတယ်။

image