24 w - Translate

❣️မိသားစုရဲ့ တန်ဖိုး❣️
➖➖➖➖❣➖➖➖➖

🔹မိသားစုဆိုတာ.....
ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့
အရာတွေထဲက အကောင်းဆုံး အနုပညာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
ဒုက္ခအပူတွေကို မျှဝေယူ ခံစားရင်း
ကြီးပြင်းလာခဲ့ကြတဲ့ ဆိုးတူကောင်းဖက်
သစ္စာတရားရဲ့ အငွေ့အသက်တွေပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
အမျိုးမျိုး အထွေထွေ စရိုက်တွေ
ကြားထဲက နားလည် ပေးနိုင်ဆုံးသော
အသိုက်အဝန်းလေး တစ်ခုပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတဲ့ ရိပ်မြုံဟာ.....
ခိုလှုံစရာ များစွာထဲက
အအေးချမ်းဆုံးနဲ့ အလုံခြုံဆုံး နားခိုရာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

ပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
အတွေ့အကြုံတွေ စုစည်းပြီး
ခရီးကြမ်းတွေကို ငြိမ်းချမ်းစွာ
ဖြတ်သန်းနိုင်မှု့ရဲ့ စတင်ရာ
အားအင်တွေ ဖြစ်ပါသည်
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

➖➖➖➖❣➖➖➖

image