24 w - Translate

မိဘထက် ဘယ်သူမှ ပိုမချစ်ဘူး
▪️▪️▪️▪️▪️▪️▪️▪️▪️
မိဘတွေကို
နာကျင်အောင် မပြောပါနဲ့။

မိဘတွေကို
အလုပ်မအားဘူးဆ်ိပြီး ပစ်မထားပါနဲ့။

မိဘတွေကို
ခေတ်အကြောင်း နားမလည်ဘူးဆိုပြီး
မချိုးနှိမ်လိုက်ပါနဲ့။

မိဘတွေကို
ငြင်းခုန်တုပြောပြီး အနိုင်မလိုချင်ပါနဲ့။

မိဘတွေကို
ဘာကြောင့်နဲ့မျှ
မျက်ရည်ကျအောင် မလုပ်ပါနဲ့။

မိဘတွေကို
အချိန်အကြာကြီး အဆက်အသွယ်
ဖြတ်မထားပါနဲ့။

သင့်ရဲ့ ဖြစ်တည်မှု
အကောင်း အဆိုး သတင်းတွေကို
နားစွင့်ပြီး
မျှော်နေတဲ့နေရာမှာ
မိဘထက် ဘယ်သူမှ မပိုပါဘူး။

သင့်ကို အမြင့်ဆုံးရောက်စေချင်ပြီး
အဆိုးဆုံးဘဝမှာ ရှိမနေစေချင်တာ

သင့်ကို ကောင်းစားစေချင်ပြီး
ဒုက္ခတွေ မရောက်စေချင်တာ

ဒီလို စေတနာ မေတ္တာတွေဆိုတာ
သင့်မိဘထက်တော့
သင့်အပေါ်ကို ဘယ်သူမှ ပိုမထားနိုင်ပါဘူး။

မိဘဟာ…
ခေတ်အကြောင်း မသိရင်နေမယ်။
ဘဝအကြောင်းတော့…
ကောင်းကောင်းသိတယ်။

မိဘဟာ…
ဂုဏ်ပကာသနနဲ့ ဘွဲထူးဂုဏ်ထူးတွေ
မရှိရင်သာ နေမယ်။
အတွေ့အကြုံနဲ့
ဆင်ခြင်တုံတရား ရှိတယ်။

မိဘဟာ…
အောင်မြင်သူ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
သေချာတာတော့…
ဖြူစင်ရိုးသားမှုတွေနဲ့
သင့်ဘဝကို
ရှေ့ဆောင် လမ်းပြပေးလိမ့်မယ်။

ဘယ်သူမှ မလိုအပ်တော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေမျှော်နေတယ်။

ဘယ်သူမှ မကြည်ဖြူတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေစောင့်ကြိုနေတယ်။

ဘယ်သူမှ အနားမရှိတော့တဲ့အခါ
အိမ်ပြန်ပါ။
ဟိုမှာ အမေအချစ်တွေပေးဖို
အိမ်ပြန်လမ်းမှာ မျှော်နေတယ်။

ကိုယ်က သား သမီးကောင်း ဖြစ်ပါမှ
မိဘကောင်းနေရာ ပြန်ရောက်ပြီး
သား သမီးကောင်း ရပါလိမ့်မယ်။

ကိုယ့်ရဲ့ သိတတ် ယဉ်ကျေးလိမ္မာမှု
အတွက်
လောကကြီးက တစ်နည်းနည်းနဲ့တော့
ကိုယ့်ကိုယ် ပြန်ကျေးဇူးပြုမှာပါ။

အ မေ က…
အသက်နဲ့ရင်းပြီး မွေးထားပေးတယ်။
အ ဖေ က…
ဘဝနဲ့ရင်းပြီး ကျွေးထားခဲ့တယ်။

ကိုယ်က နှလုံးသားနဲ့ရော
ဘဝနဲ့ပါ ပေါင်းပြီး
ကျေးဇူးပြန်ဆပ်ဖို လိုပါတယ်။

မင်းကို တစ်ယောက်ယောက်ကနေ
သေလောက်အောင်
ရူးမတတ် ချစ်ပါတယ်ဆိုတဲ့
အချစ်ဦးပုံပြင်တွေကို မယုံလိုက်ပါနဲ့။

တကယ်ပြောတာပါ
ဒီကမ္ဘာမှာ သင့်ကို
မိဘထက်တော့ ဘယ်သူမှ ပိုမချစ်ပါဘူး။

မိဘကိုသိတတ်တဲ့သား၊သမီး ဘယ်တော့မှမဆင်းရဲဘူး ဒါဟာတကယ့်လက်တွေ့ပါ။အဆင်မပြေဘူးဆိုရင်တောင် ခဏပဲနောက်ပိုင်း သူ့အလိုလို အဆင်ပြေသွားတတ်တယ်။မိဘဆိုတာ လူပိုကြီးတွေမဟုတ်ဘူးဆိုတာတချိုတွေကို သိစေချင်ပါတယ်။ အိုရင်ပယ်တတ်တဲ့ လူတွေကို အသိစိတ်လေးတစ်ခုလောက်ထည့်ပေးစေချင်တယ်။

အမှန်တော့ မိဘတွေဆိုတာ သူ့ထမင်းထုပ်နဲ့ သူလာတာပါ မိဘနှစ်ပါးကို အိမ်ပေါ်ခေါ်တင်ကျွေးမွေးထားရလိုဆင်းရဲရတဲ့ သားသမီးဆိုတာ မရှိပါဘူး။မိဘကို မိဘမှန်းမသိတတ်လို ပစ်ထားတဲ့သူတွေမှ အများကြီးရှိကြပါတယ်။

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လိုမတွေးပါနဲ့

ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတိုရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို မပြည့်စုံသေးလိုဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်

အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်

ဖိနပ်လေးတရံနဲ့တင် သူ့တိုကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။

ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှ မငြိုငြင်တတ်သူတွေ။

မယုံမရှိနဲ့။ သူတိုကြောင့် မိဘအဆင်ပြေတာ မဟုတ်ပဲ

မိဘကြောင့် သူတိုအဆင်ပြေနေတာကို သူတိုယုံကြည်တယ်။ ။

image