9 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား၏ ဦးဆောင်မှု အရေးကြီးကြောင်း ​​​​​​​ ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံ၌လက်ရှိပေါ်ပေါက်နေသော နိုင်ငံရေးအကျပ်အတည်း ကို ဖြေရှင်းရာတွင် မလေးရှားနိုင်ငံ၏အာဆီယံဦးဆောင်မှု အခန်းကဏ္ဍ အရေးကြီးကြောင်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဆာလင်ဆေးဟိုရယ်လ်က ဖေဖော်ဝါရီ၁၉ ရက်တွင်ထုတ်ဖော်ပြောကြားခဲ့သည်။
မလေးရှားအစိုးရ အမျိုးသားသတင်းဌာနဖြစ်သည့် ဘာနားမားသတင်းဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌဆာလင်ဆေးဟိုရယ်လ်က အထက်ပါ အတိုင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လမ်း ကြောင်းခင်းရာတွင် မလေးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နိုင်လိမ့်မည်ဟု မိမိမျှော်လင့်ထားကြောင်း ဆာလင်ဆေးဟိုရယ်လ်က ထုတ်ဖော်ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် အာဆီယံ၏ ၂၀၂၅ ခုနှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံ၌ လက်ရှိပေါ်ပေါက်နေသော နိုင်ငံရေးနှင့် စစ်ရေးပြဿနာသည် အာဆီယံအတွက် အဓိကပြဿနာတစ်ခုဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက အဓိကထားဖြေရှင်းရန် ကြိုးပမ်းရမည့် ပြဿနာတစ်ရပ်ဖြစ်သည်။
ထိုနည်းတူပင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်ကျင့်သုံးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းသင့်သည်ဖြစ်ကြောင်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌက ဘာနားမားသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံ၌ ဒီမိုကရေစီနိုင်ငံရေးစနစ် ပြန်လည်ပေါ်ထွက်လာရေးအတွက် ညီညီညွတ်ညွတ် စုဖွဲ့ကြိုးပမ်းပေးရန် အရေးကြီးကြောင်းလည်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဆာလင်ဆေးဟိုရယ်လ်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ၂ဝ ရက်တွင် ဗြိတိန်သို့ပြန်လည်ထွက်ခွာရန် စီစဉ်ထားသည်။

image