24 w - Translate

တောက်တောက်ကြော်
--------------------
တောက်တောက်ကြော်ကို ဆိုင်အများစုကကြော်တာကတော့ အသားပြားကို ဂျုံများများနဲ့ကြော်ပါတယ်။ ဒီမှာ တော့ အသားကို ကြက်သွန်နီထည့်ပြီးမှ ဂျုံနဲ့ကြော်တာပါ။ တအိမ်လုံးကတော့ ကြက်သွန်နီထည့်ကြော်တာကို ပိုကြိုက်ကြတယ်။ ပိုချိုတယ် ပိုမွှေးတယ် အိအိလေးဖြစ်တယ်ပေါ့နော်။ အသားနဲ့ဂျုံ ကျစ်ကျစ်လေး ကြိုက်ရင်တော့ အသားပြားထဲမှာ ကြက်သွန်နီ မထည့်ပါနဲ့။ ကျန်တာကတော့ အခြားတောက်တောက်ကြော်တွေလိုပါပဲ။

အသားပြားအတွက်ပါ၀င်ပစ္စည်းများ(၂ပွဲစာ)
--------------------
၁။ တောက်တောက်စဉ်းထားသော ကြက်သား(သို့) ၀ကျသား - ၂၀ သား
၂။ ကြက်သွန်နီ - ၃ ဥ (မကြိုက်ရင်မထည့်ပါနဲ့။)
၃။ ကွကျဥ - ၁ လုံး
၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ကြက်သားမှုန် - လက်ဖက်ရည်ဇွန်း တ ၀ကျ
၆။ သကြား - လက်ဖက်ရည်ဇွန်း တ ၀ကျ
၇။ ဟင်းချက် ဝိုင် (သို့) ကြိုက်နှစ်သက်ရာအ၇က် - လက်ဖက်ရည်ဇွန်း တ ၀ကျ
၈။ ငရုတ်ကောင်း - အနည်းငယ်
၉ ။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၀။ ကြာညို့- လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၁။ ဆော်ဒါမှုန့် (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၂။ ဂျုံမှုန့် - ၁ ခွက်
၁၃။ ကြော်ရန် ဆီ
(ဂျုံမှုန့်နှင့် ဆော်ဒါမှုန့်အလွယ်တကူမရှိလျှင် ထို ၂ မျိုးအစား အကြော်မှုန့်၁ ခွက်ကို အသုံးပြုနိုင်ပါတယ်။)
( ၁ ခွက် = 240ml = ၇ိုး၇ိုးကောျဖီခှကျ ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
--------------------
၁။ ကြက်သွန်နီကို တောက်တောက်ဆင်းထားပါ။ (အ၇မ်းညက်စရာမလိုပါ။ အတုံးသေးလေးတွေဆိုရပါတယ်။) ကြက်ဥကိုခလောက်ထားပါ။
၂။ ဂျုံမှုန့်ကလွဲပြီး ကျန်တဲ့ ပါ၀င်သောပစ္စည်းများကို ဇလုံတခုထဲထည့်ရ်ျ သမအောင်နယ်ပါ။
၃။ ထို့နောက် ဂျုံမှုန့်ကို ထည့်ရ်ျ သမအောင်နယ်ပါ။ (ဂျုံမှုန့်ထည့်ပြီးနယ်ရာတွင် ယောင်းမ (သို့)ဇွန်းဖြင့်နယ်လျှင် ပိုကောင်းပါတယ်။လက်ဖြင့်နယ်လျှင် အ၇မ်းကပ်ပါတယ်။)
၄။ အသားကြော်ရန်အတွက် ဆီကိုအပူပေးရ်ျ ဆီပူလာလျှင် အသားကို လက်ပေါ်မှာ ပါးနိုင်သမျှ ပါးအောင် ဖိပြီး အိုးထဲထည့်ကြော်ပါ။(အသားပြားများလုပ်ရာတွင် လကျကိုေ၇စှပျထားမှ ပိုအဆင်ပြေပါတယ်။)
၅။ အသားပြားများ ရှှဝေါေ၇ာငျသနျးလာလြှငျ မီးဖိုပေါ်မှချပါ။ တောက်တောက်ကြော်အတွက် အသားပြားရပါပြီ။

အသီးအနှံကြော်အတွက်ပါဝင်ပစ္စည်းများ(၂ ပွဲစာ)
--------------------
၁။ ပန်းမုန်လာ -လက်တဆုပ်စာ
၂။ ပန်းမုန်လာအစိမ်းရောင် - လက်တဆုပ်စာ
၃။ မုန်လာဥနီ - ၁ ဥ
၄။ ဂေါ်ဖီထုပ် - အနည်းငယ်
၅။ မုန်ညှင်းဖြူ - အနည်းငယ်
၆။ ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း
၇။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၈။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၉။ ကြာညို့- လက်ဖက်ရည်ဇွန်း တ ၀ကျ
၁၀။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၁။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၂။ ကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း မောက်မောက်
၁၃။ ကြက်သွန်ဖြူ - ၂ မွှာ
၁၄။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
--------------------
၁။ အသီးအနှံများကို ကွိုကျနှဈသကျရာအ၇ှယျအစားလှီးရျြ တမျိုးစီကို သတ်သတ်ဆီထားပါ။ ကော်မှုန့်ကို တရုတျထမငျးစားပနျးကနျထဲထည့ျ၇ြျ ေ၇အပွည့ျနီးပါးထည့ျပွီး ကော်မှုန့်များ ပျော်သွားအောင်ဖျော်ထားပါ။ ပန်းကန်လုံးတခုထဲတွင် ပဲငံပြာရည်၊ သကြား(သို့) အချိုမှုန့်၊ ကြက်သားမှုန့်၊ ကြာညို့၊ ခရုဆီ တို့ကိုထည့်ရ်ျ သမအောင်ရောမွှေထားပါ။ ကြက်သွန်ဖြူ ကို ဓါးပြားရိုက်ထားပါ။
၂။ ဒယ်အိုးထဲတွင် ဆီထည့် အပူပေး၊ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် မာသောအသီးအနှံများ (မုန်လာဥနီ၊ပန်းမုန်လာ၊ ပန်းမုန်လာစိမ်းတို့ကိုထည့်ရ်ျ ကြော်ပါ။ ေ၇ထည့ျပွီး ခနအုပ်ထားပါ။ (အမာကြိုက်ပါက ၃ မိနစ်လောက်ပဲ အုပ်ထားပါ။ ပျော့တာကြိုက်လျှင် ၅ မိနစ်လောက်အုပ်ထားပါ။)
၃။ ထို့နောက် ဂေါ်ဖီထုပ်နှင့် မုန်ညှင်းဖြူကို ထည့်ပါ။ ဖျော်ထားသော ပဲငပြာရည်၊သကြား၊ကြက်သားမှုန့်၊ကြာညို့၊ခရုဆီတို့ကိုထည့်ပါ။ ၂ မိနစ်လောက် အဖုံးမအုပ်တော့ပဲ မွှေပါ။ ထို့နောက် ဖျော်ထားသော ကော်မှုန့်အရည်ကို ထည့်ပါ။
၄။ ကော်မှုန့်အပစ်အကျဲ ကြိုက်နှစ်သက်တဲ့အနေအထားရောက်အောင် ရေထည့်ပါ။ ထို့နောက် မီးဖိုပေါ်မှ ချခါနီးတွင် နှမ်းဆီမွှေးကိုထည့်ပြီး မွှေရ်ျ မီးဖိုပေါ်မှချပါ။
၅။ တောက်တောက်ကြော်အတွက် တောက်တောက် ကြော်အသားပြားများကို ပန်းကန်တခုထဲတွင် ခင်းပြီး အပေါ်မှကြော်ထားသော အသီးအနှံ့နှင့် ကော်ရည်များကို ဆမ်းပေးပါ။
၆။ အရသာရှိရှိ တောက်တောက်ကြော်ကို ထမင်းပူပူဖြင့် သုံးဆောင်နိုင်ပါပြီ။
#cooking

image