9 ပတ် - ဘာသာပြန်ပါ။

ထိုင်းရာဇဝင်မှာ ခြေရာပျောက်နေသော နိုင်ငံတည်ထောင်သူ နရဲစွမ်ဘုရင် ၏ နောက်ဆုံးနေ့ရက်များ နှင့် သချိုင်းနေရာ ။
King Naresuan
ယိုးဒယားဘုရင်၏လဲလျောင်းရာဂူဗိ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဟွေလောင်းကျေးရွာရှိ စေတီတဆူအနီးတွင် ယိုးဒယားဘုရင်ဗြနရာဇ် (Phra Nsresuan) ၏သင်းချိုင်းဂူ ရှိသည်ဟု ဒေသခံများက ဆိုကြောင်း DVB ၂၀၁၉ တုန်းကသတင်းတပုဒ်တွင် ဖော်ပြထားသည် ။
နောက်ဆုံးစာကြောင်းက
ကျနော့ကိုကြက်သီးမွေးညင်းထရလောက်အောင်စိတ်ကိုလှုပ်ရှားစေပါသည်။ ချက်ချင်းပင်သွားရောက်ကြည့်ချင်စိတ်တဖွားဖွားဖြစ်စေသည်။
တောင်ငူအင်ပါယာခေတ်က
ထင်ရှားတဲ့ယိုးဒယားမင်းတပါးဖြစ်သလို မြန်မာလက်အောက်ကတွန်းလှန်လွတ်လပ်ရေးယူခဲ့သူလည်းဖြစ်သည်။
ကျနော်တို့တောင်ငူကိုလာရောက်တိုက်ခိုက်ကာ ကျုံးကိုစစ်တောင်းမြစ်ထဲသို့ဖောက်ထုတ်ခဲ့သဖြင့်"ယိုးဒယား"
ပေါက်ဟုသမိုင်းတွင်ေစခဲ့သော မင်းတပါးလည်းဖြစ်သည်။
1600 ပြည့်နှစ်တွင် တောင်ငူကိုနှစ်လကြာဝန်းရံတိုက်ခိုက်သော်လည်းတောင်ငူဘုရင်မင်းရဲသီဟသူနှင့်နတ်သျှင်နောင်နှင့်ညီတော်လေးပါးတို့ကအောင်မြင်စွာ
တွန်းလှန်နိုင်ခဲ့ပါသည်။
1605 ခုနှစ်တွင် ဗြနရာဇ်သည် အင်းဝကိုတိုက်ခိုက်မည်ဟု တပ်ပေါင်းနှစ်ဆယ်နှင့် ဇင်းမယ်ကြောင်ချီလာသည် ။ ရှမ်းပြည်နယ် မိုင်းဟွေးအရပ်တွင် ကျည်မေနာကျရောက်၍ တဒင်္ဂ တခဏအတွင်းအနိစ္စရောက်ခဲ့သည်။ ထိုအချိန်တွင် အင်းဝကိုဘုရင့်နောင်၏သားတော်အငယ်ညောင်ရမ်းမင်းကသိမးယူအခြေစိုက်ပြီး ရှမ်းပြည်နာ်မှ စော်ဘွားနယ်များကိုသိမ်းယူနေချိန်ဖြစ်သည်။ ဗြနရာဇ်သည်သိန္နီစော်ဘွားနှင့်ပူးပေါင်းပြီးအင်းဝကိုတိုက်ရန်သွားစဥ် ရုတ်တရက်ရောဂါဖြစ်ကာ(ယခုခေတ်အလိုအရငှက်ဖျားပိုးဦးနှောက်သို့ဝင်ခြင်း ? ) နတ်ရွာစံခြင်း ဖြစ်
သည်။
ဖရာ့နရေစွန်သည် ပိဿလောက်မြို့စားဆောင်ခွေ( စော်ဘွားသောင်ကျည် ) ၏သားတော်ဖြစ်သည်။ AD1555တွင်ဖွားသည်။ အမတော်ဗြသဝန်(ဆုပန်ကလျာဏီ) ညီတော်မှာ ဧကတိုဆရော့ တို့ဖြစ်သည်။
ဘုရင့်နောင်အယုဒ္ဓယကို 1564ခုနှစ် တွင်သိမ်းယူသည်။ယိုးဒယားဘုရင်မဟာချက္ကရဖတ်ကိုနန်းချကာဟံသာဝတီသို့ခေါ်ဆောင်ခဲ့သည်။ယိုးဒယားအိမ်ရှေ့
မင်းဗြမဟင်ကို.နန်းတင်ခဲ့သည်။ဟံသာဝတီရောက်ယိုးဒယားမင်းလည်းရဟန်းပြုကာအယုဒ္ဓယသို့ဘုရားဖူး
သွားလိုကြောင်းခွင့်တောင်း၍ခွင့်ပြုလိုက်သည်။
အယုဒ္ဓယသို့ရောက်လျှလူဝတ်လဲကာပုန်ကန်သဖြင့် 1570 တွင် ယိုးဒယားသို့ဒုတိယအကြိမ်စစ်ချီရပြန်သည်။ ခက်ခဲစွာတိုက်ခိုက်အောင်မြင်သည်။ထိုစစ်ပွဲတွင်ဘုရင့်နောင်ကိုအကူအညီပေးသောပစ္စနုလောက်မြို့စား ဆောင်ခွေကို ဘုရင့်နောင်က မဟာဓမ္မရာဇာဘွဲ့ဖြင့်ယိုးဒယားဘုရင်အဖြစ်နန်းတင်ခဲ့သည်။
ဆောင်ခွေ၏သား အသက်ကိုးနှစ်အရွယ်ရှိ နရဲစွမ် ကိုဟံသာဝတီသို့ခေါ်
ဆောင်ကာမွေးစားသည်။မြန်မာမင်းသားများနှင့်အတူ ပညာသင်ယူရသည်။
မြန်မာစစ်ရေးဗျူဟာများကိုတတ်
ကျွမ်းသွားသဖြင့် နောင်အခါမြန်မာတို့တိုက်သမျှကိုတွန်းလှန်နိုင်ကာ သူ့ကိုမနိုင်တော့ပေ။
ဖရားနရဲစွမ် 15နှစ် ပြည့်သောအခါသူ့ဖခင်ကပြန်ခေါ်လိုသဖြင့်သမီးတော်ဆုပန်ကလျာကိုဆက်သကာ.သားတော်
ကိုပြန်ခေါ်ပြီးအိမ်ရှေ့မင်းခန့်သည်။
1581ခုနှစ်တွင်ဘုရင့်နောင်နတ်ရွာစံ၍ သားတော်နန္ဒဘုရင်နန်းတက်သည်။နန်းတက်ကာစ တကြိမ်သာ ဟံသာဝတီသို့
လာရောက်ကန်တော့ပြီး.နောက်ပိုင်းတွင်ပုန်ကန်တော့သည်။
နန္ဒဘုရင်အကြိမ်ကြိမ်တိုက်သော်လည်းမအောင်မြင်ခဲ့။နောက်ဆုံးတကြိမ် အိမ်ရှေ့မဟာဥပရာဇာကိုယ်တိုင်ကျဆုဲးခဲ့ရသည်။
1599 တွင်ဟံသာဝတီကိုတောင်ငူဘုရင်နှင့်ရခိုင်မင်းရာဇာကြီးတို့ပူးပေါင်းတိုက်ခိုက်ရာ.နန္ဒဘုရင်လက်နက်ချလိုက်ရသည်။
ထိုသတင်းကိုကြား၍ နရဲစွမ်က.ဟံသာဝတီကိုအပြင်းချီတက်လာခြင်းဖြစ်သည်။ထိုင်းရာဇဝင်တွင်တောင်ငူနှင့်ရခိုင်ကစစ်ကူတောင်း၍လာသည်ဟုဆိုသည်။
ဗြနရာဇ်ချီလာကြောင်းသိလျှင်တောင်ငူဘုရင်က ရခိုင်တပ်များကိုမြို့စောင့်ထားခဲ့ပြီး.နန္ဒဘုရင်ကိုခေါ်ဆောင်ကာ
တောင်ငူသို့ပြန်၍ခံစစ်ပြင်ဆင်သည်။
တောင်ငူမင်းမရှိလျှင်ရခိုင်တပ်များကဟံသာဝတီတမြို့လုံးကိုမီးရှို့ဖျက်ဆီးပစ်သည်။ဗြနရာဇ်.ဟံသာဝတီသို့ရောက်သောအခါတမြို့လုံးပြာပုံအတိသာကျန်သည်။
ထို့ကြောင့် တောင်ငူအထိချီတက်ကာနန္ဒဘုရင်ကိုတောင်းသည်။ နန္ဒဘုရင်ကိုဘုရားတစ်ဆူကဲ့သို့ကိုးကွယ်လို၍ဟုအကြောင်းပြ‌ေသာ်လည်းကလဲ့စားချေရန်သာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မိုင်းတုံတွင်တာဝန်ကျနေသော ဆရာကန်မြဲချစ်မင်းဝေ နှင့်ချိတ်ဆက်မိပြီး အကူအညီ
တောင်းခဲ့ရာ.မိုင်းဖုန်းဆရာတော်တည်ခဲ့သောဘုရားနှင့် ဗြနရာဇ်အုတ်ဂူပုံကိုရရှိခဲ့ပါသည်။ အုတ်ဂူကိုပြင်ဆင်မထားပဲဘေးပတ်ပတ်လည်ကိုသာကြွေပြားခင်းထားသဖြင့်ရှေးမူမပျက်ထိန်းသိမ်းထားသည်ကိုကျေးဇူးတင်ရပါသည်။
ဘုန်းတန်ခိုးကြီးသောမင်းများသူရဲကောင်းများသည်လည်း
အနိစ္စသဘောကိုမလွန်ဆန်နိုင်ပါတကား။
အခြေအနေအေးချမ်းလျှင်.သွားရောက်လေ့လာချင်ပါသည်။
✍️သမိုင်းသုတေသီ ဆရာဝန်ကြီး ဒေါက်တာမြသောင်း ( အငြိမ်းစား တောင်ငူဆေးရုံအုပ်ကြီး )
*
မြန်မာရာဇဝင် တွင် ဗြနရာဇ် ဟူ၍
စာတင်ထားသော ဖရာ့နရေသဝရ
ခေါ် နရဲစွမ်
မြန်မာတို့ထံမှ လွတ်လမ်းရေးရရန် ကြွေးကျော်ပြီးနောက် မြေသို့ရေလောင်းနေသောဟန် ထုလုပ်ထားသည့် နရဲစွမ်ရုပ်တု၊ နရဲစွမ် တက္ကသိုလ် ( ပုံ ၁ )
Monument of King Naresuan the Great at Ang Thong Province ( ပုံ ၂ - ၄ )

image
image
image
image