9 ပတ် - ဘာသာပြန်ပါ။

သက်တမ်းတစ်လ ကျော်လွန်နေတဲ့ Facebook မှ Live video တွေကို ဖယ်ရှားတော့မှာဖြစ်သဖြင့် ဒေါင်းလုတ်ပြုလုပ်ထားနိုင်ရန် Facebook အသိပေး

ဖေဖော်ဝါရီ ၂၀

Facebook ၏ ပြောင်းလဲလိုက်သော တိုက်ရိုက်ထုတ်လွှင့်ခြင်း ဗီဒီယိုထိန်းသိမ်းမှု မူဝါဒအရ ထုတ်လွှင့်ပြီးသား ရက် ၃၀ သက်တမ်းကျော်လွန်သည့် တိုက်ရိုက် ထုတ်လွှင့်မှု ဗီဒီယိုများကို ဖယ်ရှားသွားမှာဖြစ်သဖြင့် မဖျက်မီတွင် သုံးစွဲသူများအနေဖြင့် ဒေါင်းလုတ်ပြုလုပ်ထားနိုင်ရန် Facebook က အသိပေးထားသည်။

ထိုသို့ ပယ်ဖျက်မည်ဖြစ်ကြောင်းကို သုံးစွဲသူထံသို့ အီးမေးလ်နှင့် အက်ပ်တွင် အသိပေးမှာဖြစ်ပြီး ထိုအချိန်မှစ၍ ယင်း ဗီဒီယိုများကို ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် လွှဲပြောင်းရန် ရက်ပေါင်း ၉၀ အချိန်ရှိမည်ဖြစ်ကြောင်းလည်း Facebook က ဆိုထားသည်။
ယင်းသို့ မူဝါဒများ ပြောင်းလဲထားကြောင်းကို Facebook ကဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သလို ထိုမူဝါဒအရ ယင်းနေ့မှစတင်၍ တိုက်ရိုက်ထုတ်လွှင့်မှုအသစ်များကိုလည်း Facebook စာမျက်နှာများ သို့မဟုတ် ပရိုဖိုင်များမှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကြည့်ရှုခြင်း ဒေါင်းလုတ်လုပ်ခြင်း သို့မဟုတ် မျှဝေခြင်းများ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရက်ပေါင်း ၃၀ နောက်ပိုင်းတွင် ၎င်းတို့ကို အလိုအလျောက် ဖယ်ရှားသွားမည်ဖြစ်သည်။

အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများသည် ထုတ်လွှင့်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းသာ ကြည့်ရှုမှုအများဆုံးဖြစ်သဖြင့် ယခုကဲ့သို့ မူဝါဒကို ပြောင်းလဲလုပ်ဆောင်ခြင်းသည်ဟုလည်း Facebook က ဆိုထားသလို သုံးစွဲသူများ၏ ယခင်တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုများကို ပိုမိုလွယ်ကူစွာဒေါင်းလုဒ်ပြုလုပ်ရန်လည်း ကိရိယာအသစ်များ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#centralnewsnaypyitaw

image
image
image
image
image