ပူတင်နဲ့ ရှီကျင်းပင်တို့ နှစ်နိုင်ငံ အပြန်အလှန်သွားရောက်မယ့် ခရီးစဉ်တွေရှိနေ

မော်စကို၊ ဖေဖော်ဝါရီ ၂၀

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ နှစ်နိုင်ငံအပြန်အလှန်သွားရောက်ကြမယ့် ခရီးစဉ်တွေရှိနေတယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေ့ ပြောပါတယ်။

သမ္မတပူတင်ဟာ ဩဂုတ်လနှောင်းပိုင်း သို့မဟုတ် စက်တင်ဘာအစောပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ရုရှားနို်ငငံခြားရေးဝန်ကြီး ဆာဂေးလပ်ရော့ဗ်က ပြောပါတယ်။ ဂျပန်တို့ကို စစ်အောင်နိုင်မှု နှစ် ၈၀ ပြည့်နဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ်အခမ်းအနားအတွက် သမ္မတပူတင် တက်ရောက်မယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကတော့ မေလအတွင်း ရုရှားသု့လာရောက်မယ်လို့ လပ်ရော့ဗ်က ပြောပါတယ်။ ဂျာမနီအပေါ် ဆိုဗီယက်တို့ရဲ့ အောင်ပွဲနေ့ မေ ၉ ရက်အခမ်းအနား တက်ရောက်ဖို့ စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ရုရှားနဲ့တရုတ်တို့အကြား ဆက်ဆံရေးဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် ပိုမိုနီးကပ်ခဲ့ပါတယ်။

သမ္မတပူတင်ဟာ အခမ်းအနားတက်ရောက်ဖို့ ရှီကျင်းပင်အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုပါ ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။ တရုတ်နှင့် ရုရှားသမ္မတတို့ရဲ့ အပြန်အလှန်ခရီးစဉ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး တင်းမာမှုများကြားမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါဟာ ‌ေ ခေတ်သစ်နိုင်ငံတကာ အခင်းအကျင်းမှာ တရုတ်နဲ့ရုရှားတို့အကြား သံတမန်ဆက်ဆံရေး တိုးတက်ပြောင်းလဲမှု အရိပ်လက္ခဏာလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:NHK
Photo:Getty Images

#သတင်းဟင်း​လေးအိုးကြီး

image