ပဲလမုန့်
ခု လုပ်ထားတာ Thousand Layer Mooncake ပါ ပန်းပွင့်ပုံစံလုပ်ထားလို့ အထပ်တွေသေချာမမြင်ရပါဘူး
(1) - ဂျုံ မုန့် 500gm (နစ်သက်ရာအရောင် ထည့် နိုင်သည်)
- ဆား အနည်း ငယ်
- ဆီ 100gm (1/2 hot oil )
-ရေ 200 gm
(2) -ဂျုံ မုန့် 100gm
- ဆီ 50 gm
(1)နဲ့ (2) ကို သီး သန့် ဆီ နှယ် ရ ပါ တယ်
(၁)အမှတ် စဉ် (1) အားလုံးရောနယ်ပြီးအလုံး ခပ် ကြီးကြီး ၈လုံးခွဲ ပြီးလုံးထားပါ ။
(၂)အမှတ်စဉ်(2)မှပါဝင်ပစ္စည်းကိုလည်းရောနယ်ပြီး ၈ပုံခွဲထားပါ။
(၃)အမှတ်စဉ် (1) ဂျုံကို ပြား ပြီး အမှတ်စဉ် (2) ဂျုံထည့် ပြီးလုံးပါ။
ပြီး လျှင် ၅မိနစ် လောက် နှပ် ထား ပါ
(၄)နှပ် ပြီး လျှင် လ်ိမ့် တုံး ဖြင့်အထည်းမှ ဆီစာ ဂျုံ မ ထွက် အောင် ဂရု စိုက် ပြီး ပြားနေအောင်အပြန့် ညီအောင်လိမ့်ပါ။
(၅)ညီပါကအစွန်း တဖက်မှစပြီးကျစ်နေအောင်လိပ်ပါ ။ (၆)အားလုံးလိပ်ပြီးပါက၎င်းအလိပ်များကိုအရှည်လိုက်ထပ်လိမ့့်ပြီးလိပ်ပါ။
(၇) ပြီးလျှင်တလိပ်ကိုသုံးပိုင်းနှစ်လက်မအနေဖြတ်ပြီးထောင်ထားပါ။
(၈)ထောင်ထားသောအပိုင်းလေးများကိုလိမ့်တုံးဖြင့်အနည်းငယ် ပြား အောင်လိမ့် ပြီး(နှစ် သက် ရာ)အစာ သွပ်ပြီး အ ဝိုင်းလေး ဖြစ် အောင် ပြန်ဖိပေးပါ ( မဖိဘဲ အလုံးလိုက်လေးဖုတ်လျှင် အထပ်ပေါင်းများ စွာ မြင်ရမှာပါ)
(၉)ပန်းပုံဖြစ်အောင်တော့အနည်းငယ်ဖိပြီးဓားဖြင့် အဖတ် များဖြစ် အောင်ဖြတ်ပါ။
(၁၀)ဖြတ်ပြီးပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ကာ၁၅၀ဒီဂရီဖြင့်မိနစ်၃၀ခန့်ဖုတ်ပြီးမအေးခင်တွင်ထောပတ်လေးသုတ်ပေးပြီးအအေးခံသုံးဆောင် နိုင်ပါပြီ။
အရောင်တက်ချင်ရင်တော့ရခါနီးကျကြက်ဥအနှစ်လေးသုတ်ပေးနိုင်ပါတယ်။
