10 w - Translate

အသက် ၁၅ ကနေ၂၅ ဆိုတာက..
မာန်တွေ တက်တဲ့အရွယ်...
ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမှတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.
*^*၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညီလေး.....လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာလည်း သိပ်သာယာ
*^*အသက်၃၅ကျော် အသက် ၄၀ ၀န်းကျင်
ရောက်လာတော့ ဘဝမှာ နေတတ်ဖို့
ဥပေက္ခာ ပြုတတ်ဖို့ သိလာတယ်။
*^*၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...
*^*၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာကို ပြုံးပြီး
မိန့်မိန့်ကြီး ကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။
*^*၅၀ လည်း ကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကို လုပ်မနေဘူး..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နေတာပဲ...။
*^*၆၀ လည်း ကျာ်ရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..
*^*အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ်စိတ်လေး နည်းနည်း
စွက်လာတာ တပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ
ကျုံးလုပ်နေတတ်တာလဲ တပိုင်း။
*^*၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ
မျှော်လင့်တော့တယ်။
*^*လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်တည်း မရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..
*^*လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာ ရယ်..
ကူစရာရှိတာ ကူ..
ပေးစရာရှိ ပေး..
*^*ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ် အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..
*^*အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
အကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..
*^*သူများ အထင်ကြီးအောင်လဲ
ဟန်ဆောင်စရာ မလိုဘူး
မရှိဘူး မတတ်ဘူး လို့လဲ
အထင်သေးစရာမလိုဘူး..
*^*တနေ့ မြေကြီးထဲ သွားရမှာ အတူတူ..။

image