1165. Supernova (200 👈
ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ဇတ်ကောင် ထရွိင်ပြောတာက“ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲစည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေကိုယ်တိုတောင်မှပဲကြယ်တွေသေလိုကိုယ်တိုအသက်ရှင်နိုင်တာပြီးတော့... Comment Box of IN/movies, [2/18/2025 8:23 PM]
ဇတ်ကောင် ထရွိင်ပြောတာက“ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲစည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေကိုယ်တိုတောင်မှပဲကြယ်တွေသေလိုကိုယ်တိုအသက်ရှင်နိုင်တာပြီးတော့... ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်”ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။
ဇတ်လမ်းအကျဥ်းဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။
အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။
လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။
ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။
Comment Box of IN/movies, [2/18/2025 8:24 PM]
Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီးစွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။
အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။
အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။
ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။
စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။
