10 w - Translate

နောင်ချိုကကျေးရွာတွေမှာ TNLA က ပေါ်တာအဆွဲကြမ်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို အဓမ္မနယ်ကျူးကျော်ဝင်ရောက်ထိန်းချုပ်ထားတဲ့ ပလောင်လက်နက်ကိုင်သောင်းကျန်းသူ TNLA တွေဟာတပ်မတော်ရဲ့ထိုးစစ်ကြောင့် အထိအခိုက်အကျဆုံးများနေတာကြောင့် လူသစ်စုဆောင်းမှုတွေ အများအပြားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တအောင်းပလောင်လက်နက်ကိုင်သောင်းကျန်းသူ TNLA က အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ နောင်ချိုမြို့နယ်က ခမရ ၁၁၄ နဲ့ ၂ မိုင်သာဝေးတဲ့ ငုတ်ကလေးကျေးရွာက ဒေသခံလူငယ် ၁၇ ဦးကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ TNLA ကလာရောက်ပေါ်တာဆွဲယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း ငုတ်ကလေးကျေးရွာနဲ့ကပ်လျှက်ရှိတဲ့ ဝါးဘိုးကုန်းကျေးရွာက လူငယ် ၂၈ ဦးကို လာ်ရောက်ခေါင်ဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“မသွားမနေရသွားရမယ်” ဆိုပြီး TNLA ခန့် သူကြီးတွေက အတင်းခေါ်ယူကာ ထည့်ပေးနေတာဖြစ်လို့ မိဘတွေက မထည့်ချင်သောလည်း ကြောက်ကြောက်နဲ့ ထည့်ပေးနေရတယ်လို့လည်း ပြောပါတယ်။

“ရွာမှာနေတော့လည်းပလောင်ကိုကြောက်ရ မြို့ပေါ်လာတော့လည်း ကြောက်ရ ကလေးတွေနေစရာမရှိတော့ဘူး ညလည်း ကောင်းကောင်းမအိပ်ရဘူး လူအိပ်ချိန်ဆိုတာနဲ့ အိမ်တံခါးအတင်းရိုက်ဖွင့်ပြီးဝင်ဆွဲနေတယ်” လုံခြုံရေး’အရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းဒေသကို တပ်မတော်ကထိုးစစ်ဆင်နေတာကြောင့် တအောင်းပလောင်လက်နက်ကိုင်သောင်းကျန်းသူ TNLA တွေ အသေအပျောက်များနေ တာကြောင့် လျော့နည်းသွားတဲ့ အင်အားတွေနေရာမှာထပ်ဖြည့်နိုင်ဖို့ လူငယ်တွေကို အဓမ္မခေါ်ယူနေတာဖြစ်ပါတယ်။

image