ကျောင်းတွင်း အနိုင်ကျင့်ခံရသော ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျောင်းတွင်း အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်းသိရသည်။တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၁ နှစ်အရွယ် Jocelynn Rojo Carranza သည် အခြားကျောင်းသားများမှ အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်။
Jocelynn Rojo Carranza ၏ မိဘများသည် ရွှေ့ပြောင်း အခြေချသူများဖြစ်ပြီး အမေရိကန်နိုင်ငံတွင် တရားမဝင်နေထိုင်ကြောင်း အတန်းဖော်များမှ အကြိမ်ကြိမ် လှောင်ပြောင်စနောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးသို့ ဖုန်းဆက်တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ကျောင်းတွင်း အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်ပြီး ဒေသတွင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
