မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြအာမိုရင်ရဲ့အသင်းအစီအစဉ်တွေနဲ့အသင်းကိုပြုပြင်ပြောင်းလဲနိုင်ဖို့ ကစားသမား ၃ ဦးမကအသုံးပြုပြီးအချိန်ယူဖို့လိုအပ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပေါ်တူဂီသားနည်းပြကြီးဟာ သရဲနီအသင်းကိုရာသီဝက်ကာလမှာဝင်ရောက်ကိုင်တွယ်ခဲ့ပေမဲ့ စွမ်းဆောင်ရည်ပိုင်းအရတဖြေးဖြေးကျဆင်းလာခဲ့ပြီးတန်းဆင်းဇုန်နဲ့ ၁၂ မှတ်အကွာအဆင့် ၁၅ နေရာအထိကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကာလတုန်းကလည်း သူတို့အသင်းအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာစည်းမျဉ်းပြသနာတွေကြောင့်အသင်းဆီကစားသမားခေါ်ယူအားဖြည့်မှုမလုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အာမိုရင်အနေနဲ့အသင်းဆီကစားသမားကိုဘယ်လောက်မြန်မြန်ခေါ်ဖို့ရှာနိုင်မှာလဲ။ကောင်းမွန်တဲ့ကစားသမားပဲ့မဟုတ်ပေမဲ့ ဒီနည်းစနစ်နဲ့အံဝင်တဲ့ကစားသမားလည်းဖြစ်ရပါမယ်။
ဒီဟာကထူးဆန်းတဲ့ကစားကွက်ဖြစ်ပါတယ်။၃-၄-၃ ကစားကွက်ဟာ အတူတကွပူးပေါင်းကစားနိုင်ပြီးကွင်းလယ်ပိုင်းကိုစိုးမိုးနိုငဖို့အတွက်ကောင်းမွန်တဲ့ကွင်းလယ်ကစားသမား ၂ ယောက်ရှာဖွေရမဲ့နည်းစနစ်ဖြစ်ပါတယ်။
မင်းမှာ နောက်ခံလူ ၃ ယောက်ရှိရမှာဖြစ်ပြီး နောက်ခံအစွန်ကစားသမားတွေအရှေ့ဘက်မှာတက်ကစားနေတဲ့အခါ အစွန်ဘက်ကကစားမဲ့ကစားသမား ၂ ယောက်က နောက်ခံအစွန်နေရာမှာကစားရမှာဖြစ်ပါတယ်။ဒါကြောင့်မင်းအနေနဲ့အသင်းကနေရာစုံမှာကစားနိုင်မဲ့ကျွမ်းကျင်တဲ့သူတွေရှိရမှာဖြစ်ပါတယ်။ဒီဟာကတခြားနည်းစနစ်တွေနဲ့မတူညီပါဘူး။
အာမိုရင်နဲ့ယူနိုက်တက်အသင်းဝန်ထမ်းအဖွဲ့တွေအနေနဲ့ ၃-၄-၃ ကစားကွက်နဲ့ကိုက်ညီမဲ့ကစားသမားတွေကိုအသင်းဆီဘယ်လောက်မြန်မြန်ရှာဖွေခေါ်ယူနိုင်မှာလဲ။ဒီဟာကကစားသမားစျေးကွက် ၂-၃ ရာသီကာလလောက်အချိန်ယူရမှာပါ။ဘာလို့လဲဆိုတော့ငွေကြေးပိုင်းဆိုင်ရာစည်းမျဉ်းတွေကလည်းရှိနေသေးတာကြောင့်ပါ။
သူတို့အသင်းအနေနဲ့နောက်ပိုင်း ၃ နှစ်တာကာလမှာ ပေါင်သန်း ၃၀၀ မကသုံးစွဲပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ကစားသမားစျေးကွက်ကာလမှာသူတို့အသင်းအနေနဲ့ငွေကြေးတွေသုံးဖြုန်းလာခဲ့ပြီးနောက်မှာတော့ လာမဲ့စျေးကွက်ကာလတွေမှာငွေသုံးစွဲဖို့ခက်ခဲပါလိမ့်မယ်လို့ နဗီးလ်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
