10 w - Translate

ချောကလက်ကို မြင်ဖူး၊ စားဖူးပေမယ့် အပင်ကိုတော့ မြင်ဖူးသူနည်းဦးမယ်လို့ ထင်ပါတယ်။
တောင်အမေရိကဒေသရင်းမျိုးဖြစ်ပြီး ပူနွေးစွတ်စိုတဲ့ ကမ္ဘာ့ဒေသအချို့မှာ စိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရခိုင်နဲ့ တနင်္သာရီဒေသတွေမှာ အဓိကဖြစ်ထွန်းနိုင်ပါတယ်။
သိပ္ပံနာမည်က Theobroma cacao L.ဖြစ်ပြီး ချဥ်ပေါင်၊ ခေါင်ရမ်းမျိုးရင်း Malvaceae မှဖြစ်ပြီး အပွင့်ပုံစံ ထူးကဲဆန်းပြားတဲ့ မျိုးစုတမျိုးဖြစ်ပါတယ်။ မျိုးစုပေါင်း (၂၄၅)မျိုးရှိကြောင်း မှတ်တမ်းရှိထားပြီး ချောကလက်ပင်မျိုးစု Theobroma မှာတော့ မျိုးစိတ်(၂၉)ထိ ယခုချိန်မှာ မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။
အပွင့်ပုံစံထူးကဲဆန်းပြားသလို အပွင့်ထွက်ပုံကလည်း ပင်စည်၊ အကိုင်းတွေရဲ့ လုံးပတ်တွေမှာသာ ထွက်လေ့ရှိတာကလည်း မှတ်သားရလွယ်တဲ့ ဝိသေသတခုပါ။
ချောကလက်ပင်ကို ကိုကိုးပင်လို့ ခေါ်ကြပါတယ်။ စတင်မိတ်ဆက်တွေ့ရှိရာ ဒေသမှ မာယာလူမျိုးတွေရဲ့ 'ကကာဝ်' [KaKaw - CaCao]ကနေ ယူထားတာဖြစ်ပါတယ်။
ကိုကိုးပင်တွေက စိုက်ပျိုးပင်ဖြစ်လာတာကြောင့် မျိုးကွဲများ၊ စပ်မျိုးများကလည်း များစွာရှိပါတယ်။ အချို့အပွင့်ကွာခြားသလို များသောအားဖြင့် အသီးပုံစံနဲ့ ရင့်မှည့်ချိန်အရောင် ကွာခြားကြခြင်းဖြင့် ခွဲခြားနိုင်ပါတယ်။
ရင့်မှည့်တဲ့ ကိုကိုးသီးကနေ အစေ့တွေနဲ့အတူ အစေ့မှာကပ်တွယ်နေတဲ့ အနှစ်ကြောဖြူတွေကိုပါထုတ်ပြီး အချဥ်ပေါက်၊ ကစော်ပေါက်သည်ထိ နှပ်ထားရပါတယ်။ ပြီးရင်တော့ အခြောက်လှမ်းပြီး ကြိတ်ခွဲကာ အခွံနဲ့ အနှစ်ခဲလေးတွေကို ခွဲပြီး အခွံပိုင်းကို ကြိတ်လို့ ထွက်လာတဲ့ အဆီနဲ့ အနှစ်ခဲမှုန့်ကိုလှော်ပြီးကြိတ်ထားတာနဲ့ ရောမွှေပေးပြီး ရလာတဲ့ မူလအကျဆုံးချောကလက်အနှစ်တွေကို သကြား၊ နို့ စတာတွေနဲ့ ထပ်ရောပြီး အချိန်ပေး မွှေနယ်ပေးကြခြင်းဖြင့် ချောကလက်ကုန်ကြမ်းတွေ ရရှိလာကြပါတယ်။
ချောကလက်ကုန်ကြမ်းတွေကိုမှ လိုချင်တဲ့ အရသာ၊ ရနံ့၊ အစေ့အဆန်တို့နဲ့ ရောနှောပြီး အနံ့အရသာပုံစံကွဲပြားစေပါတယ်။ အပူချိန်အဆင့်ဆင့်ပြောင်းလဲပေးပြီးမှ ခဲတဲ့အနေအထားရောက်တဲ့အခါမှာတော့ ကျနော်တို့ အသင့်စားနိုင်တဲ့ ချောကလက်တွေ ရရှိပါတယ်။
ချောကလက်အကြောင်းကလည်း ရေးရရင် အများကြီးပါ။ ဒီပိုစ့်ကတော့ ချောကလက်ထုတ်လုပ်တဲ့ အပင်ပုံစံကိုပဲ မိတ်ဆက်ဖော်ပြလိုရင်းပါ။

image