10 w - Translate

၆၀၀ ဒေါ်လာတန် Apple iPhone 16e လာပြီ

Apple က iPhone 16 Series ထဲမှာ ဈေးအချိုဆုံး iPhone 16e ကို ကြေညာလိုက်ပြီး iPhone SE ကို အဆုံးသတ်လိုက်ပါပြီ။ iPhone 16e ရဲ့ 128GB ကို ၅၉၉ ဒေါ်လာ၊ 256GB ကို ၆၉၉ ဒေါ်လာနဲ့ 512GB ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ iPhone 16e ဟာ အဖြူနဲ့ အနက် ၂ ရောင်ထဲနဲ့ လာပါတယ်။ ဒီလ ၂၁ ရက်နေ့မှာ ပရီအော်ဒါ တင်နိုင်ပြီး ၂၈ ရက်နေ့ ရောင်းမှာပါ။
6.1” Super Retina XDR OLED Display သုံးထားပြီး Ceramic Shield နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်ကိုလည်း အမာကျောဆုံး ဖန်နဲ့ ကာကွယ်ထားပါတယ်။ iPhone 16e မှာ Apple ထုတ် C1 Cellular Modem နဲ့ Apple Intelligence ထည့်သွင်းထားပါတယ်။
အနောက်ဘက် 48MP ကင်မရာမှာ Night Mode နဲ့ 4K Dolby Vision Video Recording ပါပါတယ်။ Night Mode, Portrait Mode ပါတဲ့ 12MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ Action Button ပါလာပေမယ့် Camera Control မပါလာပါဘူး။ Action Button ကနေ ကင်မရာ၊ Translate ၊ Shazam နဲ့ Third-party App တွေကို လျှင်မြန်စွာ သုံးနိုင်ပါတယ်။
ဘက်ထရီ သက်တမ်းက ဗီဒီယိုကြည့်ရင် ၂၆ နာရီခံပြီး သီချင်းနားထောင်ရင် နာရီ ၉၀ ခံပါတယ်။ မိနစ် ၃၀ မှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ်လည်း ပါပါတယ်။ Apple Intelligence Features ပါတဲ့ iOS 18 မောင်းနှင်ထားပါတယ်။ On-device AI Features တွေ ဖြစ်တဲ့ Photo Editing အတွက် Clean Up ၊ Natural-Language Photo Searches နဲ့ AI-generated Genmoji ပါပါတယ်။ ChatGPT ကို Siri မှာ အသုံးပြုနိုင်ပါတယ်။

image
image
image