မုန့်ကျွဲသည်း အလွယ်လုပ်နည်း
ဆန်မှုန့် -၁ခွက်ခွဲ (ပေါင်းအိုးဆန်ချင်ခွက်)
ပြောင်းကော်မှုန့်-၁ခွက်ခွဲ (ပေါင်းအိုးဆန်ချင်ခွက်)
ထန်းလျက်-၁၂ကျပ်သား(၃ခွက်ရ)
ဆား-၁ဇွန်းteaspoon
ရေ-၃ခွက် (ပေါင်းအိုးဆန်ချင်ခွက်)
ထန်းလျက်ရည်ကျို မယ်
ပြီးရင် ပါဝင်ပစ္စည်းအားလုံးအကုန်ထည့်ပြီး မုန့်နှစ်အရည်စပ်မယ်
မုန့်နှစ်အရည်ကို အိုးထဲထည့်ပြီး မီးအေးအေးနဲ့ မွှေပြီးကျိုပေးမယ်
ကြွက်မြည်းတန်းပြီး မုန့်သားကြည်လာပြီဆိုရင်
မုန့်ထည့်မယ့် ဗန်းကိုဆီသုတ်ပြီး ထည့်ပေးလိုက်မယ်
မုန့်အေးပြီး မာလာပြီဆိုရင် ပျော့ပျော့အိအိနဲ့အရမ်းစားကောင်းတဲ့ မုန့်ကျွဲသည်းလေးရရှိပါပြီ
#crd


