10 ပတ် - ဘာသာပြန်ပါ။

Single Camera ဖုန်းကို ၂၀၂၅ အထိ $600 နဲ့ရောင်းနေဆဲ Apple ပြီးတော့ အများထင်သလို SE4 မဟုတ်ပဲ 16E

ဒီကနေ့မှာတော့ iPhone အသစ်ကို Apple က မိတ်ဆက်လိုက်ပါပြီ။ အားလုံးမျှော်လင့်နေကြသလို SE အနေနဲ့မဟုတ်ပဲ iPhone 16 Series ထဲကနေ Budget ပုံစံမျိုးဖြစ်တဲ့ iPhone 16e ဆိုတဲ့ နာမည်အသစ်နဲ့ စေ◌ျးကွက်ထဲကိုစတင်မိတ်ဆက်လိုက်ပါတယ်။
ဒီ iPhone 16e ဖုန်းက စျေးနှုန်းအနေနဲ့ $599 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး iPhone 16 | 16 Plus အတိုင်းပဲ A18 Chip ကိုပဲသုံးပေးထားတယ်။ Apple Intelligence Feature ပထမဆုံးစတင်သုံးနိုင်တဲ့ Budget iPhone ဖြစ်လာမှာပါ။ အရေးကြီးဆုံးပိုင်းဖြစ်တဲ့ Camera ပိုင်းမှာတော့ Single CameraLen ကိုပဲသုံးပေးထားပေမယ့် သူပြောတာတော့ "48MP 2-in-1 Camera System" လို့သိရပါတယ်။ အရင်လို Home Key Button မပါတော့ပဲ Touch ID နဲ့လာမှာပါ။ဒီအချက်ကတော့မိုက်ပါတယ်။ FaceUnlockနဲ့ဆိုတော့ အရမ်းမှောင်တဲ့နေရာတွေမှာတော့အလုပ်ဖြစ်ဖြစ်မဖြစ်ကြည့်ရပါအုံးမယ်။ Charging အပိုင်းမှာလည်း USB-C Chargingစနစ်ကိုပြောင်းပေးထားတယ်။Battery ကတော့ ၅၀ % ကို ၃၀ မိနစ်အတွင်းရောက်မယ်လို့ပြောထားတယ်။ Wireless charging ကိုလည်း Support ပေးနိုင်လာတယ်။ iPhone 11 ထက် ၆ နာရီပိုအသုံးခံလို့တော့ပြောထားတယ်။
Ram ကတော့ 8Gb နဲ့ refresh rate ကတော့ အခုထိ 60Hz ပဲဖြစ်ပါတယ်။ဒါပေမယ့် A18 chip နဲ့ဆိုတော့ ဒါကတော့လက်ခံလို့ရပါတယ်။Storage အနေနဲ့ ကတော့ Base Model အနေနဲ့ 128 GB နဲ့လာမယ်လို့သိရပါတယ်။
အရောင်က အဖြူနဲ့ အနက် (၂)မျိုးပဲရွေးလို့ရမယ်။ Screen အနေနဲ့ 6.1-inch Super Retina XDR OLED Display ဖြစ်မယ်၊ Dynamic Island မပြောင်းသေးပဲ Notch နဲ့ပဲဖြစ်ဦးမယ်လို့တွေ့ရတယ်။ဒါကတော့လက်ခံလို့ရပါတယ်။
နောက်ဆုံးထူးခြားတာတစ်ခုရှိသေးပါတယ် - ဒါက iPhone 16e ဖုန်းမှာ Apple ရဲ့ ကိုယ်ပိုင် Apple Silicon Chip အသစ် - C1 Chip ကို ထည့်သုံးထားတာပါ၊ ဒီ C1 Chip က Apple ရဲ့ ပထမဆုံးကိုယ်ပိုင် 5G Modem Chip ဖြစ်ပြီး Battery စားပိုပြီး သက်သာသွားမယ်လို့ ဆိုထားတယ်။
အဲ့အပြင် iPhone 16e ဖုန်းမှာ Action Button ထည့်ပေးထားပြီးတော့ Camera Control ခလုတ်မပါပါဘူး။ဒါပေမယ့် Action Button နဲ့ Visual Intelligence ကို သုံးခွင့်ပေးထားပါတယ်။ Generation တစ်ခုပဲကွာတဲ့ iPhone 15 Pro ဖုန်းတွေမှာတောင် Action Button ကို Visual Intelligence ပေးသုံးခွင့်မပေးပဲ iPhone 16e ကို ပေးသုံးတာကတော့ တော်တော်စားတယ်။
စျေးနှုန်းအနေနဲ့ အစောကပြောသလို iPhone 16e က 128GB Storage ကို $599 နဲ့ ရောင်းသွားပါမယ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စ Pre-order မှာယူနိုင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

image