Part-1
*ကိုယ်စားပြုစနစ် မပေါ်ပေါက်မီ


အက်သင်း(စ)နောက်ပိုင်းတွင် ရောမ သမ္မတနိုင်ငံ (Roman Republic) ၌ အက်သင်း(စ) ဒီမိုကရေစီမျိုး မဟုတ်သော်လည်း ဥပဒေပြုသည့်အပိုင်းတွင် ပြည်သူများကိုယ်တိုင် ပါဝင်သည့် (citizen law making) စနစ်ကို ဘီစီ ၅ ရာစုမှ ၁ ရာစုအတွင်း နှစ်ပေါင်း ၄၀၀ ခန့် ကျင့်သုံးခဲ့သည်။ ထိုစနစ်အရ နိုင်ငံသားတို့ ကိုယ်တိုင် မိမိတို့ လိုလားသော ဥပဒေများကို ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခြင်းနှင့် လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများအနက် မိမိတို့ မနှစ်သက် မလိုလားသည်များကို ရုပ်သိမ်း ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည်။
ရောမ သမ္မတနိုင်ငံ နောက်ပိုင်းတွင် တိုင်းပြည်ရေးရာ၌ လူထု ပါဝင်ခွင့် ရသည့် ဒီမိုကရေစီစနစ် တိမ်မြုပ် ပျောက်ကွယ်နေခဲ့ပြီး၊ ၁၃ ရာစု ဥရောပတွင် ဆွစ်ဇာလန် ဒေသ၌ ပြန်ပေါ်လာတာ တွေ့ရသည်။
ဆွစ်ဇာလန်တွင် ခေတ်ဟောင်း ဆွစ်(စ)ကွန်ဖီဒရေစီ (Old Swiss Confedracy) ထူထောင်သည့် ၁၂၉၁ ခုနှစ်က စတင်ကာ အရေးကြီးသော နိုင်ငံရေးကိစ္စများကို ရပ်ရွာလူထု စည်းဝေးပွဲများဖြင့် ဆုံးဖြတ် လုပ်ကိုင်သော စနစ် ကျင့်သုံးခဲ့သည်။ နောက်ရာစုနှစ်များအတွင်းလည်း ဆွစ်(စ)တို့သည် နိုင်ငံရေးတွင် လူထုကိုယ်တိုင် ပါဝင်နိုင်ရေးကို မပြတ် အားထုတ်ခဲ့ရာ ယခုအခါ ဆွစ်ဇာလန်သည် တိုက်ရိုက် ဒီမိုကရေစီ စနစ်ကို အများဆုံး ကျင့်သုံးသော နိုင်ငံတစ်ခုအဖြစ် တည်ရှိနေသည်။
ခေတ်သစ်၌ ဆွစ်ဇာလန်နည်းတူ လူထုစည်းဝေးပွဲစနစ်ကို ထင်ထင်ရှားရှား ကျင့်သုံးခဲ့သည်က ၁၇ ရာစု အမေရိကန်ပြည် နယူးအင်္ဂလန် ဒေသမှ မြို့များ ဖြစ်သည်။

#ဆက်ရန်ရှိ