Part-2
*“ရှားရှားပါးပါး ဒေါသ”
ဆိုင်ထဲမှာ ဆရာနိုးနဲ့ ဆရာစွမ်းတို့က ရောက်နေစောင့်နေကြပါတယ်။ ကျွန်တော်တို့ ဆိုင်ထဲဝင်တယ်ဆိုရင်ပဲ ဆရာစွမ်းက ပြုံးပြုံး ပြုံးပြုံးနဲ့ “ဆရာဂျမ်း ခင်ဗျာ့ထီး ကျွန်တော်ယူလာခဲ့တယ်ဗျ”ပြောလိုက်တော့ ဆရာဂျမ်း ထပ်ပြီးဒေါသ ပေါက်ကွဲလာကာ ငဝက် မင့်ကြောင့် ငါ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ် ဆိုပြီး အုတ်ခဲကျိုးနဲ့ လိုက်ထုတာ ဆရာစွမ်းလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမျှမပြောနိုင် တော့ဘဲ ထွက်ပြေးရတော့တယ်။ ဒီနှစ်ယောက်ပြေးပုံ လိုက်ပုံကိုကြည့်ပြီး သဘောကျ ပြုံးနေသူက ဆရာနိုးပါ။
အေးအေးဆေးဆေး စားပွဲကိုပြန်ထိုင်ကြတော့မှ ဆရာစွမ်းက ရှင်းပြတယ်။ ခင်ဗျား ရုံးဆင်းမှာ ချိုင့်တွေရော အိတ်တွေရော ယူရတာများနေမှာစိုးလို့ သက်သာ အောင် ကျွန်တော်တို့က ထီးကိုဆွဲလာခဲ့တာတဲ့။
ဒီတော့ ဆရာမိုးက ခင်ဗျား သက်သာအောင်က ကိစ္စမရှိဘူး၊ ကျုပ်က ဟိုမှာ လူကြီးတွေကို မျက်နှာပျက်ခဲ့ရပြီတဲ့။
တဖြည်းဖြည်းနဲ့ သောကြာဝိုင်းကို လာစပြုနေကြပါပြီ။ ဦးစွာရောက်ရှိလာ သူတို့ကတော့ နုနုရည်(အင်းဝ)+ကိုအောင်ကျော်တိုးတို ့ အတွဲ။ သူတို ့နောက်က ဗိုလ်ရဲထွဋ် သား ကျော်ကျော်+သန္တာတို့အတွဲ ပြီးတော့ ကိုသိန်းထိုက်နဲ့ ကိုဟန်တင် တို့လည်း ဝင်လာကြပါတယ်။ တစ်အောင့်လောက်ကြာတော့ မသီတာ(စမ်းချောင်း)၊ ချစ်ဦးညို၊ ပုံမှန်လို လာတတ်တဲ့ သံဃာတော်တစ်ပါး (နောင်တွင် ထိုဆရာတော်ကား “တောင်စွန်း ဓမ္မဘေရီအရှင်ဝီရိယ” ဖြစ်သည်။) တစ်ခါတစ်ရံလာတတ်တဲ့ ဒါရိုက် တာ မောင်မိုးသူ၊ ဗိသုကာပညာရှင် ဆရာရွှေ၊ တစ်ခါတစ်ရံ ပါလာတတ်သူက စန္ဒရားဦးသိမ်းမောင်။ ထိုအတူ ဆရာနိုးကိုအကြောင်းပြုပြီး ရောက်လာတတ်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်။ ဆရာမိုး၊ ဆရာနိုးတို့နဲ့ ပါလာတတ်တဲ့ ဆရာမ ဒေါ်ခင်ဆွေဦး စသည် စသည်တို ့အပြင် ဆရာမိုး၊ ဆရာနိုးတို့ရဲ့ လူရင်းကြီး ဂုဏ်ထူးဦးသိန်းနိုင်။ ဆရာ ဦးသိန်းနိုင်က ကျူရှင်အားတဲ့အခါ တစ်ခါတစ်ရံမှသာ လာတတ်ပါတယ်။ (ကျွန်တော်မေ့၍ ကျန်ခဲ့သူများကို ဖြည့်စွက်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ်။)
လူကလည်းစုံ၊ နေကလည်း ချိုလာပြီဆိုတော့ ဆိုင်အပြင် ဗာဒံပင်ရိပ်ကို ရွှေ့ကြပါတယ်။ ဗာဒံပင်အောက်မှာ ဝိုင်းလိုက်မှ ဒီလူနှစ်ကျိပ်လောက်က အဆင် ပြေသွားပါတယ်။
#ဆက်ရန်ရှိ