10 ပတ် - ဘာသာပြန်ပါ။

Meta နဲ့ Google ရှယ်ယာတွေအကုန် ရောင်းထုတ်လိုက်တဲ့ ပင်စင်အဖွဲ့အစည်း
ကမ္ဘာ့အကြီးဆုံးပင်စင်ရန်ပုံငွေအဖွဲ့အစည်းတစ်ခုက အမေရိကန် Big Tech တွေနဲ့ အဆက်ဖြတ်လိုက်ပါပြီ။
ABP လို့ ခေါ်တဲ့ နယ်သာလန်က ပင်စင်အဖွဲ့အစည်းကြီးက Meta နဲ့ Alphabet တွေမှာ ဝယ်ထားတဲ့ အစုရှယ်ယာတွေအကုန် ရောင်းထုတ်လို့ပါ။ ရောင်းလိုက်တဲ့ ရှယ်ယာတန်ဖိုးကလည်း ဒေါ်လာဘီလျံချီ များပါတယ်။
အဖွဲ့အစည်းရဲ့ CEO ဗန် ဝစ်ဂျ်နန်က ရှယ်ယာတွေ ဘယ်တုန်းက ဘယ်ဈေးနဲ့ ရောင်းလိုက်တယ်တော့ မပြောပါဘူး။ မနှစ် ဒုတိယသုံးလပတ်ကအထိ ABP က Alphabet မှာ အစုရှယ်ယာ ယူရို ၃ ဘီလျံ (ဒေါ်လာ ၃.၁၅ ဘီလျံ) နဲ့ Meta မှာ ယူရို ၂ ဘီလျံ ပိုင်ဆိုင်ထားတာပါ။
ABP ဘက်ကတော့ ရှယ်ယာအကုန် ရောင်းလိုက်တဲ့ကိစ္စက ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတပြန်ဖြစ်လာတာ ၊ ထရမ့်ကို Meta နဲ့ Alphabet တို့က ထောက်ခံတာတွေနဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ ABP ဟာ ပြီးခဲ့တဲ့လကပဲ Tesla မှာရှိတဲ့ ယူရို ၅၉၇ သန်းတန် အစုရှယ်ယာတွေ ထုတ်ရောင်းထားတာပါ။
Tesla ရှယ်ယာတွေ ရောင်းလိုက်ရတဲ့ကိစ္စမှာတော့ အီလွန်မတ်စ်ကို ဆုကြေးခံစားခွင့် အကြီးအကျယ်ပေးတဲ့ကိစ္စကို မကျေနပ်တာကြောင့်လို့ ဆိုပါတယ်။ ABP အနေနဲ့ Tesla ၊ Meta နဲ့ Alphabet ရှယ်ယာတွေ အကုန်ရောင်းလိုက်ပေမယ့် Nvidia , Apple , Microsoft နဲ့ Amazon တို့ဆီ ရင်းနှီးမြှုပ်နှံမှုကိုတော့ ဘီလျံ ၂၀ ဝန်းကျင်အထိ မြှင့်ထားတယ်လို့ ပြောပါတယ်။
ABP က ဥရောပမှာအကြီးဆုံး ဖြစ်သလို ကမ္ဘာ့အကြီးဆုံးပင်စင်ရန်ပုံငွေအဖွဲ့အစည်းထဲမှာလည်း ပါပြီး ကမ္ဘာတလွှားမှာ ယူရိုဘီလျံ ၅၀၀ လောက် ရင်းနှီးမြှုပ်နှံထားပါတယ်။

image