24 w - Translate

ဘီယာကုမ္ပဏီက ထုတ်လိုက်တဲ့ ခေါက်ဖုန်း
ပုရိသတွေသဲသဲလှုပ် ဘီယာကုမ္ပဏီကြီးဖြစ်တဲ့ Heineken Company ကတော့ ကိုယ်ထည်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်တဲ့ ခေါက်ဖုန်းတစ်လုံးကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က မိတ်ဆက်သွားပါတယ်။
ဖုန်းနာမည်ကတော့ “The Borning Phone” ပါ …
ဒီဖုန်းကိုတော့ Heineken နဲ့ အတူ ဘော်စတွန်အခြေစိုက် ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Bodega၊ အီလတ်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ HMD ကုမ္ပဏီ တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး အရင်ခေတ်ဟောင်းကို ပြန်လည်အောက်မေ့စေဖို့နဲ့ social media အသုံးပြုတာ လျော့ပါးစေဖို့ ခလုတ်ပါ ခေါက်ဖုန်းဒီဇိုင်းကို ဖန်တီးခဲ့တာပါ။
ဒီဖုန်းမှာဆိုရင် ဖုန်းခေါ်ဆိုခြင်းနဲ့ စာတို (Message) ပေးပို့တာလောက်ပဲ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားသော Social Media Platform တွေနဲ့ App တွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 4G network အထိ support ပေးမှာဖြစ်ပေမယ့် အင်တာနက်မသုံးနိုင်ပါဘူး။ ဒါပေမဲ့ ဖုန်းရဲ့ ထွင်းဖောက်မြင်နိုင်တဲ့ အကြည်ဖောက်ကိုယ်ထည်ဒီဇိုင်းကြောင့် အတော်လေးကို လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။
The Boring Phone ကိုတော့ ဇွန်လဆန်းလောက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Limited Edition အနေနဲ့ အလုံးရေ (5,00 ပဲ ထုတ်သွားမှာပါ။
90 borns တွေအတွက်ကတော့ ဒီလိုဖုန်းဒီဇိုင်းတွေကို မြင်ရတာ သိပ်မဆန်းလောက်ပါဘူး။ အပြိုင်အဆိုင်ကိုင်ခဲ့ကြတာဆိုတော့ …
ကဲ ကိုယ့်လူတို့ကတော့ Heineken က ထုတ်တဲ့ ဘီယာတင်မကဘူး ခေါက်ဖုန်းကိုပါ အားပေးနိုင်တော့မှာပါ။

Credit to Akhayar Tech

image