24 w - Translate

ဖားတွေမလာအောင်ဘယ်လိုလုပ်သင့်လဲ⚠️

မိုးရာသီလည်း ရောက်စပြုပြီဆိုတော့ မိမိပတ်ဝန်းကျင်မှာ ဖားတွေ ကင်းလိပ်လျှောတွေ ပေါများလာကြတာကို အားလုံးလဲသတိထားမိကြမှာပါ။ခုလိုရာသီမျိုးက ဖားကြောက်တဲ့လူတွေအတွက် တော်တော်လေး ဒုက္ခရောက်နေကြမယ် ထင်ပါတယ် အဲ့လိုမဖြစ်ရအောင် ဒီနေ့မှာတော့ မိမိအိမ်ကိုဖားတွေမလာစေမယ့် နည်းလေးမျှဝေပေးလိုက်ပါတယ် လိုအပ်တဲ့ပစ္စည်းရယ်လို့ များများစားစားမရှိပဲ ရေတစ်ခွက်ရယ် ဆားရယ် ဇလုံတစ်လုံးရယ်ပဲ လိုအပ်မှာဖြစ်လို့လူအများအတွက် အဆင်ပြေကြမယ်လို့ ထင်ပါတယ် မိမိအိမ်မှာဖားတွေ့တဲ့အခါမှာ ဖမ်းထားပြီး ဇလုံထဲကို ရေပြည့်ထည့်ပြီး ဆား၃ဇွန်းခန့်ထည့်ပြီးမွှေထားပေးပါ ပြီးရင်ဖမ်းထားတဲ့ဖားကို ထိုဇလုံထဲသို့ထည့်ပြီး ထွက်ပြေးမရအောင် ထားထားဖို့လိုလာပါလိမ့်မယ် အစပိုင်း တစ်ရက်နှစ်ရက်လောက်ကတော့ မသိသာပေမယ့် တစ်လလောက်ကြာတော့လည်း သူလည်းသူ့ဘဝနဲ့သူ နေသားကျနေပါပြီ မလွမ်းဘူးရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲဗျာ ဘယ်နေရာကြည့်ကြည့် အမှတ်တရတွေနဲ့မို့ သတိမရစေတဲ့နေ့ဆိုတာလည်းမရှိခဲ့ပါဘူး ပြန်လည်းလ််ိုချင်တယ် အရမ်းလည်းလွမ်းရတယ် ဒါပေမယ့်ဖြစ်မှမဖြစ်နိုင်တော့ပဲဗျာ သူလည်းသူ့ဘဝနဲ့သူအဆင်ပြေနေပြီပဲကျွန်တော်လည်းပျော်သင့်ပါတယ်

image