24 w - Translate

❝ ကွင်ဗင်ထရီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှပဲအနိုင်ရခဲ့တာကို ကျနော်ကတော့ ရှက်စရာလို့ မထင်ပါဘူး၊ ကျနော်တို့ရဲ့အမှားတွေကို မြင်ပါတယ်၊ အမှားဆိုတာ ရှောင်လွှဲလို့မှ မရတာ။ ဒါပေမဲ့ မှားတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။

ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။

2 နှစ်အတွင်းမှာပဲ ကျနော်တို့ ဖိုင်နယ်ကို 2 ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တယ်။ ကျနော်တို့မှာလည်း အခက်အခဲတွေ အများကြီး ရှိခဲ့တယ်လေ။

ဒီနေ့ 3 ဂိုးစီနဲ့ သရေကျခဲ့တာကလည်း ဒိုင်လူကြီးရဲ့တည်ငြိမ်မှု မရှိတာတွေကြောင့်လည်း ပါပါတယ်။

ကျနော်တို့ ပယ်နယ်တီတစ်လုံးလောက်တော့ ရခဲ့သင့်တာပါ။ ချယ်လ်ဆီးနဲ့တုန်းကဆို အငြင်းပွားဖယ်ပယ်နယ်တီနှစ်လုံးကို ပေးလိုက်ရတယ်လေ၊ လီဗာပူးလ်နဲ့တုန်းကလည်း အတူတူပဲ။

FA ဖလားဗိုလ်လုပွဲကို 2 နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တယ်ဆိုတာ မယုံကြည်နိုင်စရာပါပဲ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ရွှေထီးဆောင်းခဲ့တဲ့ အချိန်တုန်းကတော-င် 10 နှစ်အတွင်းမှာ 3 ကြိမ်ပဲ တက်ရောက်နိုင်ခဲ့တာပါ၊ ကျနော်တို့ကတော့ 2 နှစ်မှာ 2 နှစ်လုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။ ❞

~အဲရစ် တန်ဟက် (ယူနိုက်တက်နည်းပြ)

Source- ( Sky Sports 🏅)

#footballcorner

image