24 w - Translate

အက်ဖ်အေဖလားဗိုလ်လုပွဲ တက်ရောက်မှုမှာအာဆင်နယ်ကို ကျော်ဖြတ်ပြီး အကြိမ်အများဆုံးဖြစ်လာတဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းသည် ယခုရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်မှုမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက်(၂၂)ကြိမ်မြောက်တက်ရောက်ခြင်းဖြစ်ပြီး အာဆင်နယ်အသင်း(၂၁ ကြိမ်)ကို တစ်ကြိမ်အသာဖြင့်ကျော်ဖြတ်ကာ ဗိုလ်လုပွဲအကြိမ်အများဆုံးတက်ရောက်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်နေသည်။အက်ဖ်အေဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်မူ အာဆင်နယ်အသင်းက ချန်ပီယံဆု(၁၄)ကြိမ်ရယူပြီး အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းတင်ထားကာ မန်ယူနိုက်တက်အသင်းမှာ ချန်ပီယံ(၁၂)ကြိမ်ဖြင့် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရှိနေသည်။ယခင်က မန်ယူနိုက်တက်အသင်းမှာ အက်ဖ်အေဖလားပြိုင်ပွဲ၌ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နည်းပြဖာဂူဆန်ခေတ်လွန်ကာလများတွင် အာဆင်နယ်အသင်းက မန်ယူနိုက်တက်အသင်း၏ အက်ဖ်အေဖလားအောင်မြင်မှုကို လိုက်မီရုံမက ကျော်တက်ခဲ့ခြင်းဖြစ်သည်။မန်ယူအသင်းအနေဖြင့် ချန်ပီယံအရေအတွက်တွင် အသာမရသော်လည်း ဗိုလ်လုပွဲတက်ရောက်မှု၌ အာဆင်နယ်ကို အသာရနေခြင်းဖြစ်သည်။အက်ဖ်အေဖလားဗိုလ်လုပွဲတက်ရောက်မှုတွင် မန်ယူနိုက်တက်(၂၂ ကြိမ်)နှင့် အာဆင်နယ်(၂၁ ကြိမ်)နောက်၌ ချယ်လ်ဆီး(၁၆ ကြိမ်)၊ လီဗာပူးလ်(၁၅ ကြိမ်)တို့ ရှိနေကြသည်။

image