24 w - Translate

မျိုးဆက် ၅၂ ဆက်တိုင် လက်ဆင့်ကမ်းခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဟိုတယ်

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဟိုတယ်ဖြစ်တဲ့ ဂျပန်ဟိုတယ် Nishiyama Onsen Keiunkan ဟာ နှစ်သက်တမ်းပေါင်း ၁၃၀၀ ကျော် ကြာမြင့်ပြီး မိသားစုတစ်စုတည်းက မျိုးဆက် ၅၂ ဆက်အထိ လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြတာပါ။

ယာမာနာရှီစီရင်စုမှာ တည်ရှိပြီး အေဒီ ၇၀၅ ခုနှစ်က ဂျပန်တောင်တန်းရဲ့ တောင်ခြေမှာ ရိုးရာထမင်းဆိုင်အဖြစ် စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒဏ္ဍာရီတွေအရတော့ အဲဒီအချိန်ကာလတုန်းက သြဇာတိက္ကမ အကြီးမားဆုံးမိသားစုဖြစ်တဲ့ ကာမာတာရီမိသားစုရဲ့ သားတော်တစ်ပါးဟာ မြို့တော်ကနေ လှည့်လည်သွားလာရင်း ရေပူစမ်းကို တွေ့ရှိရာကနေ ရေပူစမ်း ထမင်းဆိုင် ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

Nishiyama Onsen Keiunkan ဟိုတယ်ဟာ ရေပူစမ်းက ရေပူတွေကို တိုက်ရိုက်သွယ်တန်းထားပြီး ကမ္ဘာ့ရှေးအကျဆုံး ရေပူစမ်း ဟိုတယ်လည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဂင်းနက်စ်စံချိန် ဝင်ခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပခရီးသည်တွေကြား ရေပန်းစားတဲ့နေရာတစ်ခု ဖြစ်လာခဲ့တာပါ။

Ref:Nishiyama Onsen Keiunkan

image