#ယနေ့ထုတ်သတင်းစာ_သတင်း
◾️နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးထိုင်းနိုင်ငံ မဲဆောက်တွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့်မြန်မာရွှေ့ပြောင်း လုပ်သားငါးဦး ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်တွင်ဖမ်းဆီး ခံခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
မဲဆောက်ခရိုင် Ban Kra Wang Lok Huai နယ်မြေအတွင်းလူငယ်တစ်ဦးအား ထိုင်းနိုင်ငံ နယ်မြေလုံခြုံရေးအဖွဲ့က တွေ့ရှိစစ်ဆေးရာမှ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားငါးဦးဖမ်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားငါးဦးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အလုပ်လုပ်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်လာခြင်းဖြစ်ပြီးပွဲစားခအဖြစ် တစ်ဦး လျှင် ဘတ်၁၅၀၀၀ ကျော်ပေးခဲ့ရကြောင်း ထိုင်းအာဏာပိုင်များထံ ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့်မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးအား မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
#realnews