24 w - Translate

တရုတ်မှာ Xiaomi SU7 လျှပ်စစ်ကားတွေကို စတင် ပို့ဆောင်ပေးနေပြီ
=======================================
Xiaomi ဟာ တရုတ်မှ မြို့တော် ၂၈ ခုမှ ဝယ်ယူထားသူတွေအတွက် SU7 လျှပ်စစ်ကားတွေကို စတင် ပို့ဆောင်ပေးလိုက်ပါပြီ။ ပထမ အသုတ် အနေနဲ့ ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
Xiaomi CEO Lei Jun က အော်ဒါ မြင့်မားနေတာဟာ လူတွေ Brand ကို ယုံကြည်မှု မြင့်မားနေတာကို ပြသတယ်လို့ ပြောပါတယ်။ သူက ကုမ္ပဏီဟာ ကားအတွက် အမှာစာ ၁၀၀,၀၀၀ ရရှိထားပြီး အတည်ပြုထားတဲ့ အော်ဒါဟာ ၄၀,၀၀၀ ရှိတယ်လို့ ပြောပါတယ်။
ကုမ္ပဏီဟာ ဒီနှစ်ထဲမှာ ကား အစီး ၆၀,၀၀၀ ကနေ ၈၀,၀၀၀ အတွင်း ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လစဉ် ကား အစီး ၁၀,၀၀၀ ထုတ်လုပ်သွားဖို့ ရည်မှန်းထားပြီး ကား အစိတ်အပိုင်း ထုတ်လုပ်သူတွေကို တိုးမြှင့်ထုတ်လုပ်ဖို့ မကြာခင်က ညွှန်ကြားထားပါတယ်။
Xiaomi SU7 ရဲ့ ၈၃၀ ကီလိုမီတာ (၅၁၅ မိုင်) ဈေးနှုန်းဟာ ယွမ် ၂၁၆,၀၀၀ ( ဒေါ်လာ ၃၀,၀၀၀) ဖြစ်ပါတယ်။
Ref : gizmochina

image