24 w - Translate

ရုပ်ရှင်ကြည့်ပါ။

ရုပ်ရှင်ကြည့်ခြင်းဟာ
သာမန်အားဖြင့်မထူးဆန်းပေမယ့်
‌အတွေးတွေပိတ်မိပြီးပင်ပန်းနေတဲ့စိတ်တွေကို
၂နာရီလောက် လွတ်မြောက်နိုင်ပါတယ်။

ထပ်တလဲလဲအတွေးတွေနဲ့ ပျင်းရိဖွယ်ရာစိတ်တွေကို ခဏတာအနားပေးရာရောက်ပါတယ်။
ဘာလုပ်လို့လုပ်ရမှန်းမသိ တွေးချင်ရာတွေးပြီး
စိတ်ခေါ်ဆောင်ရာနောက်ကိုမနားစတမ်းလိုက်ပြီး
မောပန်းနေတဲ့ခန္ဓာကိုယ်ကို ခဏနားလိုက်တာနဲ့တူပါတယ်။

အာရုံလွှဲပြောင်းစရာမရှိတဲ့စိတ်ဟာ
ပြန်လည်လန်းဆန်းဖို့ခက်ခဲပါတယ်
အခုကာလမျိုးမှာ စိတ်တွေပင်ပန်းကြပါတယ်။

သတင်းပေါင်းစုံက အတွေးထဲကိုဝင်ရောက်ပြီး
အတွေးပေါင်းစုံက လူကိုနှိပ်စက်ကြပါတယ်။

အလုပ်ကအဆင်မပြေ ငွေကြေးကခက်ခဲ
လူမှုရေးတွေက ကမောက်ကမဖြစ်
မျှော်လင့်ချက်တွေကအရောင်မှိန်နဲ့
လူတိုင်းရဲ့စိတ်တွေဟာ
မောပန်းနေကြတာချည်းပါပဲ။
တချို့ဆို အိပ်ချိန်မှာတောင်အိပ်မရတဲ့အထိ
အတွေးပေါင်းစုံနှိပ်စက်တာခံနေရပါတယ်။

ဒီလိုဖြစ်နေရင်
စိတ်ဝင်စားဖွယ်ရာ ရုပ်ရှင်တစ်ကားကြည့်ကြည့်ပါ

လက်တွေ့အတွေးတွေကနေ ခဏတာအာရုံပြောင်းသွားတာကို ခံစားမိနိုင်ပါတယ်
တော်ရုံစိတ်ညစ်တာတွေ ခဏပျောက်သွားပါတယ်
အရမ်းကောင်းတဲ့ series တွေဆိုရင်
အပိုင်းတွေအများကြီးဆက်တိုက်ကြည့်ပြီး
လက်တွေ့ကြုံနေရတဲ့စိတ်ဒုက္ခတွေကနေ
အချိန်အတော်ကြာသက်သာသွားပါလိမ့်မယ်။

တချို့သောအခြေအနေတွေမှာ ဘာမှလုပ်လို့မရဘဲ
ဟိုတွေးသည်တွေးမနားစတမ်းတွေးနေမယ့်အစား
လူပြောများတဲ့ rating ကောင်းတဲ့ သူငယ်ချင်းတွေညွှန်းပေးတဲ့ ရုပ်ရှင်တွေကြည့်ပြီး စိတ်ကိုအနားပေးပါ။

အတွေးတွေကို restart ပြန်ချဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။
တရားထိုင်တာ သီချင်းနားထောင်တာ စာအုပ်ဖတ်တာ ဟင်းချက်စားတာ အရက်သောက်တာ
သူငယ်ချင်းတွေနဲ့တွေ့ဆုံတာ ခရီးထွက်တာ စသဖြင့်ပေါ့ ....

အဲဒါတွေထဲမှာ ရုပ်ရှင်ကြည့်တာလည်းတခုအပါအဝင်ပေါ့

ကျွန်တော်တို့တွေက သူများတွေစိတ်ဓာတ်ကျနေရင်သာ တွန်းတွန်းတိုက်တိုက်အားပေးတာ
ကိုယ်တိုင်စိတ်တွေအကျဉ်းကျနေတဲ့အခါ
ကိုယ်တိုင်ပဲလွတ်ရာလွတ်ကြောင်းရှာရတာမဟုတ်လား.....

ရုပ်ရှင်ကြည့်ကြည့်ပါ ။

image