24 w - Translate

မန်ယူ အက်ဖ်အေဖလား ရခဲ့ပါက နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ရန် ခက်ခဲမည်ဟု နဗီးလ် သုံးသပ်
မန်ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားရယူနိုင်ခဲ့မယ်ဆိုရင် နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ အလွန်ခက်ခဲသွားလိမ့်မယ်လို့ အသင်းနောက်ခံလူဟောင်း နဗီးလ်က ပြောပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီကို ခက်ခက်ခဲခဲနဲ့ ကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။

အဲဒီပွဲစဉ်ကို အင်္ဂလန်အသင်းဖော်ဟောင်း ကာရေဂါနဲ့အတူ စကိုင်းစပေါ့မှာ တွဲဖက်တင်ဆက်ခဲ့တဲ့ နဗီးလ်ကတော့ မန်ယူအသင်း အက်ဖ်အေဖလားရယူနိုင်ခဲ့ရင် နည်းပြ အဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ခက်ခဲသွားမယ်လို့ ပြောခဲ့တာပါ။

တန်ဟတ်ဂ်ဟာ မနှစ်ကရာသီမှာလည်း လိဂ်ဖလားရယူပေးခဲ့ပြီး အခုနှစ်ရာသီမှာ အက်ဖ်အေဖလား ထပ်ရမယ်ဆိုရင် ဖလားနှစ်လုံး ရယူပေးတဲ့ နည်းပြကို ထုတ်ပယ်ဖို့ မလွယ်ကူကြောင်း နဗီးလ်က ပြောပါတယ်။

ကာရေဂါကတော့ ကိုဗင်ထရီနဲ့ပွဲစဉ်က မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်ဟာ နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တယ်လို့ ပြောသွားပါတယ်။
Credit
Photo - REUTERS/Toby Melville

image