ဇီးဖြူ သီး ကြိတ်မှန်ရွက် ကွမ်းရွက် ပျားရည်
မျက်မှန်တပ်ထားရသူများ
လက်တွေ့ သာ စမ်းသပ်သုံးဇွဲကြည့်
ဆေးနည် …
၁။ ဇီးဖြူ သီးကို ထုထောင်ပြီး အစေ့ဖယ်
နေလှန်း အမှုန်ု့ ပြုလုပ်ရန် ။
၂။ ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ
အလိုအလျောက် သဘာဝအတိုင်း
အခြောက်ခံ အမှုန့်ပြု ရန် ။
၃။ ကွမ်းရွက်ကို အခြောက်လှန်း
အမှုန့်ပြု ရန် ။
၄။ ပျားရည်စစ်စစ်
ထို ( ၄ ) မျိုးသာ လိုပါသည် ။
ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်
လုပ်ပါမှု ကာလတန်ဖိုး လေးသောင်းငါးသောင်း
မက ကုန်သည်သာ ။
နေရာတကာ မျက်မှန်မပါတော့
စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။
မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရတော့ချေ
စာဖတ်ဖို့ ဖုန်းပွတ်ဖို့ အကုန်ခက်ချေသည် ။
မျက်မှန်ပါဝါက အကျမရှိ အတက်သာ
ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက်ကြောတက်
စိတ်ပျက်ဖြစ်ရပြန်သည် ။
သုံးဆောင်ရန် ……
ညအိပ်ပြီဆိုပါလျှင်
ဇီးဖြူ သီးမှုန့်လက်ဖက် စားဇွန်း ( ၁ ) ဇွန်း
ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း ( ၁ ) ဇွန်း
ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း ( ၁ ) ဇွန်း
ထိုဆေးသုံးပါးအား
ပျားရည်လက်ဖက်စားဇွန်း ( ၃ ) ဇွန်း
ရောမွေ၍ စားပေးရန်သာ ဖြစ်သည် ။
သုံးလသာ ပုံမှန်မပျက်
ယုံကြည်ချက်ဖြင့် စားပေးပါ ။
မျက်စိကြည်လင်လာပြီး
မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည် ။
ထိုမျှမက အကျိုးရလဒ်က
အညောင်းအညာပါ ပြေလာပါလိမ့်မည် ။
#ကျန်းမားရေးဗဟုသုတ

image