10 ပတ် - ဘာသာပြန်ပါ။

Valentine's Day အမှတ်တရ စိန်ခြယ်ထားတဲ့ iPhone ထွက်ရှိ
ဒူဘိုင်းတွေ စီးပွားရေးအကွက်မြင်ပုံကလည်း မိုက်တယ်။ ကိုယ်တိုင်ဖုန်း မထုတ်ဘဲ သူများထုတ်ထားတဲ့ ဖုန်းတစ်လုံးကို တန်ဖိုးဆယ်ဆမက မြင့်အောင် အလှဆင်တဲ့အလုပ်ကို လုပ်တာပါ။
ဒါမျိုးကို အဓိကလုပ်တာက နာမည်ကြီး Luxury maker ဖြစ်တဲ့ Caviar ပါ။ အခုလည်း ချစ်သူများနေ့မှာ ဘောစိစုံတွဲတွေအတွက် တန်ဖိုးကြီး ချစ်လက်ဆောင်ဆိုပြီး စိန်ကွပ်ထားတဲ့ iPhone ထုတ် ရောင်းပါတယ်။
ဒူဘိုင်းအခြေစိုက် Caviar က တန်ဖိုးကြီး iPhone 16 Pro ကို Secret Love collection ဆိုပြီး ထုတ်ပါတယ်။ Collection မှာက Bouquet Dore , Serpentis Pearl နဲ့ Sea of Love ဆိုပြီး နာမည်လှလှပေးထားတဲ့ ဗားရှင်း သုံးမျိုး ပါပါတယ်။
Valentine's Day အထိမ်းအမှတ်ဆိုပြီး ထုတ်လိုက်တာပါ။ Caviar ရဲ့ အစဉ်အလာအတိုင်း စိန်ကျောက်နီလာတွေနဲ့ တန်ဖိုးကြီးပြီးသား iPhone 16 Pro ကို တန်ဖိုးမြှင့်လိုက်တာပါ။ မိန်းကလေးတိုင်း အိပ်မက်မက်တဲ့ လက်ဆောင်မျိုးဖြစ်အောင် Caviar က သေချာဖန်တီးလာတာပါ။
တန်ဖိုးအကြီးဆုံး ပန်းစည်းနဲ့ Valentine လက်ဆောင်ကို ကိုယ်စားပြုတယ်ဆိုတဲ့ Bouquet Dore ဗားရှင်းက ကျောဘက် panel မှာ နွားကလေးသားရေစစ်စစ်နဲ့ အုပ်ထားပြီး ၂၄ ကာရက် နှင်းဆီရွှေပြားနှစ်ထပ်အုပ်ထားပြီး လိပ်ပြာပုံပုလဲတွေလည်း အလှဆင်ထားပါတယ်။
Serpentis Pearl ဗားရှင်းကတော့ နာမည်အတိုင်း အသဲပုံခွေနေတဲ့ မြွေတစ်ကောင်ရဲ့ပုံကို အနုပညာမြောက်အောင် ဖန်တီးထားတာပါ။ ကျောဘက်ကာဗာကိုလည်း သဲဝါနုရောင်လယ်သာပြားနဲ့ သဘာဝပုလဲတွေသုံး ဖန်တီးထားပြီး ၂၄ ကာရက်နှင်းဆီရွှေပြားနဲ့ အုပ်ပေးလာတာပါ။
နောက်ဆုံးဗားရှင်းဖြစ်တဲ့ Sea Of Love ဗားရှင်းကတော့ အီတလီပန်းချီကျော် ဆန်ဒရိုဘောတီဆယ်လီရဲ့ ဗီးနပ်စ်မွေးဖွားခြင်းလက်ရာကို မှီးပြီး ဖန်တီးထားတာပါ။ ကျောဘက်မှာ ပန်းရောင်နွားကလေးသားရေ ၊ ၂၄ ကာရက်ရွှေပြား ၊ ပလဲနဲ့ စိန်တွေ ကွပ်ပေးထားပါတယ်။
ဒီလောက် တန်ဖိုးကြီးတာတွေ သုံးထားတဲ့ iPhone တွေရဲ့ ဈေဂကလည်း အတော့်ကို မြောက်ပါတယ်။Bouquet Dore , Serpentis Pearl နဲ့ Sea Of Love ဗားရှင်း iPhone 16 Pro တွေကို ဒေါ်လာ ၉၆၃၀ ၊ ၉၉၉၀ နဲ့ ၁၁၆၃၀ ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
Pro Max မော်ဒယ်ဆို ၉၉၁၀ , ၁၀၂၇၀ နဲ့ ၁၁၉၁၀ ဒေါ်လာ ဈေးတွေ ကျသင့်ပါလိမ့်မယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်း ၄-၅၀၀ အထိ ပေါက်နိုင်တဲ့ ဖုန်းတွေပါ။ ဈေးကြီးသလို ပေါပေါပဲပဲ မဖြစ်အောင် ၉၉ လုံးပဲ ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

image