10 ပတ် - ဘာသာပြန်ပါ။

ဘရိုက်တန်တို့ ချယ်လ်ဆီးကို နှစ်ထပ်ရှိမှ မှတ်မိမယ်ဆိုပြီး လုပ်ချသွားပြန်ပါတယ်။ အက်ဖ်အေဖလားပွဲမှာ အနိုင်ယူပြီး ၃ ရက်အကြာမှာ ပရီးမီးယားလိဂ်မှာပါ ထပ်အနိုင်ယူခဲ့တာပါ။ ဒီတခါက ဂိုးပါပြတ်သွားပါတယ်။ မသိရင် ပထမပွဲ ဂိုးမပြတ်လို့ ပြန်ကန်တဲ့အတိုင်းပါပဲ။ မာရီစကာရဲ့ အသင်း ရုပ်ပျက်ဆင်းပျက်ကိုဖြစ်သွားပါတယ်။
တပွဲလုံးလည်း ဂိုးပေါက်တည့်ကန်ချက် တကြိမ်လေးတောင်မရခဲ့ပါဘူး။ အက်ဖ်အေတုန်းကမှ ဂိုးလေးဘာလေးရလို့ တော်သေးတယ်။ ညကပွဲကတော့ ပိုဆိုးသွားခဲ့ပြီး ချယ်လ်ဆီးတို့ ဆက်တိုက်ကို ရလဒ်တွေဆိုးရွားနေပြီး မာရီစကာရောက်မလာခင်က ချယ်လ်ဆီးပုံစံ ပြန်ဖြစ်နေပါပြီ။
ဘရိုက်တန်ကတော့ ဖောရက်စ်ကို ၇ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ဒဏ်ာရာတွေကို ချယ်လ်ဆီးနဲ့ ပြန်ကုစားလိုက်ပါတယ်။ တပတ်အတွင်း နှစ်ကြိမ်တွေ့ခဲ့ပြီး ၅ ဂိုးအထိ သွင်းယူခဲ့ကာ ရလဒ်ကောင်‌းတွေ ပြန်ယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ အဆင့် ၄ ပြင်ပကိုပါ ပြန်ရောက်သွားခဲ့ပါပြီ။

image