အစာအိမ် အူလမ်းကြောင်းကျန်းမာစေပြီး
သွေးအားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးတဲ့ လယ်ပတူ
လယ်ပတူကို မန်ကျည်းမှည့်လေးနဲ့ ပြုတ်လို့ တို့စားလို့ ရသလို ပြုတ်ပြီးသားကို ဆီချက်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုစွန်ခြောက်ထောင်း၊ သံပုရာရည်လေးတွနဲ့ အချိုအငန်ထည့်လိူ့ သုပ်စားလို့လည်း ရပါတယ်။ ဒီလိုမျိုး ပြုတ်တို့တို့ သုပ်စားစား စားလို့ကောင်းတဲ့ လယ်ပတူဟာ အလွန်ဆေးဖက်ဝင်ပါတယ်။
သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
လယ်ပတူမှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးနီဥဆဲလ် အရေအတွက်ကို တိုးစေနိုင်သလို သွေးအား နည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရာသီလာချိန်မှာ သံဓာတ် အားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။
ဆီးချို ရောဂါ သက်သာစေတယ်
လယ်ပတူရဲ့ ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဆီးချို ရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အလွန်အကျွံ မစားဖို့ လိုသလို
ဆေးနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။
အရောင်ကျစေနိုင်တယ်
လယ်ပတူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်တွင်းကိုယ်ပက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
ဖောရောင်တာကို သက်သာစေနိုင်တယ်
လယ်ပတူရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ ဖောရောင်တာကို သက်သာစေနိုင်တာပါ။ ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ခြေဆစ်လက်ဆစ်တွေမှာ အရည်တွေ စုပြီး ဖောရောင်တာကို သက်သာစေနိုင်ပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
လယ်ပတူမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်သလို အစာအိမ်အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။
အသည်း ကျန်းမာစေတယ်
လယ်ပတူက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
လယ်ပတူမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
လယ်ပတူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပြီး အနာတွေကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။
အကိုက်အခဲ ပျောက်စေတယ်
လယ်ပတူရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ နာကျင် ကိုက်ခဲမှုတွေကို သက်သာစေတာပါ။ ဒါကြောင့် နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ လယ်ပတူကို စားပေးလို့ ရပါတယ်။
အနာကျက်စေနိုင်တယ်
အနာကျက်စေနိုင်တဲ့ အာနိသင် ရှိတာကြောင့် ထိခိုက်ဒဏ်ရာတွေကို အနာကျက်စေဖို့အတွက် လယ်ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
လယ်ပတူရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ရောဂါအခံရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။ ဆေးတွေနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။
ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး
ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သောတိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်
#crd
#ကျန်းမာရေးဗဟုသုတများ

image