10 w - Translate

၁၉ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်တဲ့ လျှပ်စစ်ကား
===============================
လျှပ်စစ်ကားတွေရဲ့ အားနည်းချက်က အားသွင်းချိန်ကြာမြင့်တာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကားကုမ္ပဏီတွေက အားသွင်းမြန်တဲ့ နည်းပညာတွေကို ဖန်တီးနေကြပါတယ်။
အခုတော့ တရုတ် လျှပ်စစ်ကား ကုမ္ပဏီ Zeekr က ၁၉ မိနစ်ထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်တဲ့ Zeekr 7X ကို ကြေညာလိုက်ပါတယ်။ ၉ မိနစ် ၄၅ စက္ကန့်ထဲနဲ့ ၁၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ 800V Golden Battery ထည့်သွင်းထားပါတယ်။ အလွန်အေးမြတဲ့ အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ်မှာ Battery ဟာ ၃၀ မိနစ်မှာ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
Zeekr ရဲ့ Charging Network ကို အသုံးပြုရင် အဲဒီလောက် အားသွင်းမြန်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ ကားတွေ လူသုံးများစေဖို့အတွက် Charging Network ကို ထိုင်းနဲ့ ဩစတြေးလျကို တိုးချဲ့ဖို့ စီစဉ်နေပါတယ်။
အနာဂတ်မှာတော့ လျှပ်စစ်ကားတွေကို မိနစ် အနည်းငယ် အားသွင်းရုံနဲ့ လိုရာ ခရီးကို သွားနိုင်တော့မှာ ဖြစ်ပါတယ်။

image